-30-

9.5K 603 22
                                    

Unicode


"ပြတ်လိုက်၊ ဆက်လိုက် ကြိုးတွေက အထုံးတွေဖြစ်လာတာပဲအဖတ်တင်မှာ ။ ဘယ်တော့မှအကောင်းအတိုင်းမကျန်ခဲ့နိုင်ဘူး"

"ရေရှည်အတွက်ရည်ရွယ်တာမျိုးမဟုတ်ဘဲ ငါ့ကိုချစ်တယ်ဆိုတဲ့စကားလာမပြောနဲ့ မကိုဋ်ဒေးမောင် ။ ငါမင်းကို အကြိမ်ကြိမ်တောင်းဆိုပြီးပြီ"

"ငါကတော့ သတ္တိမရှိလို့မင်းကိုလက်လွှတ်ခဲ့ပြီးပြီ ။ အစပိုင်းခက်ခဲတယ်ဆိုပေမယ့် နောက်တော့လဲ တစ်ယောက်တည်းနေရတာအဆင်ပြေနေသားပဲ"

ဟင့်အင်း ။ မဟုတ်ဘူး ။

ခေါင်းထဲဖန်တစ်ရာထပ်စွာပေါ်လာသည့်စကားတွေကို ဒေး ငြင်းဆန်ပစ်လိုက်သည် ။

လွင်ပြင် ။ သိပ်နက်နဲလွန်းတဲ့ကောင်လေး ။

ဟိုအရင်အချိန်တွေတည်းက လွင်ပြင့်အချစ်တွေက အရွယ်နဲ့မလိုက်လောက်အောင် လေးနက်လွန်းခဲ့ကြောင်း သူနောက်ပိုင်းမှပြန်သိရ၏ ။

အချစ်တစ်ခုကိုမစတင်ခင်မှာတင် လွင်ပြင်က အဆုံးသတ်တစ်နေ့အထိကြိုတွေးပစ်ထားခဲ့ပုံရသည် ။

မျှော်လင့်ချက်သဲ့သဲ့လေးထားနေရင်း တစ်ချိန်တည်းမှာဘဲ မိမိအပေါ်ရူးရူးမိုက်မိုက်ငြိတွယ်ခဲ့ပုံကိုမြင်ယောင်မိရင်း ဒေးမပြုံးဘဲမနေနိုင်ခဲ့ပါ ။

မိမိအပေါ် ထိုမျှလေးနက်ပေးနိုင်ခဲ့တဲ့လွင်ပြင့်အချစ်တွေကို သူလေးစားသည် ။ သူကိုယ်တိုင်လဲထိုသို့ပြန်ဖြစ်ပေးချင်ပါ၏ ။

"ငါအရမ်းပင်ပန်းတယ် ။ နေ့တိုင်းမြင်နေရတဲ့သူကို အာရုံထဲမထည့်မိဖို့ကြိုးစားနေရတာမလွယ်ဘူး ။ ကျေးဇူးပြုပြီးငါ့ကိုဒီတိုင်းလွှတ်ထားပေးပါလား မကိုဋ်ဒေးမောင်"

"မင်းလဲတစ်နေ့နေတတ်သွားမှာပါ ။ အစတည်းက မင်းအာရုံတွေကလဲ ငါ့အပေါ်လုံလုံလောက်လောက်ရှိနေခဲ့တာမျိုးမဟုတ်ပါဘူး"

မိမိခံစားချက်တွေကိုဖွင့်ထုတ်ပြီးနောက်ပိုင်း လွင်ပြင့်ဆီက တစ်နည်းမဟုတ်တစ်နည်းငြင်းဆိုနေသည့်စကားတွေကို သူဆက်ကြားနိုင်စွမ်းမရှိပါ ။

လွင်ပြင့်အပေါ်စိတ်ရှိနေတယ်ဆိုတာတစ်နေ့ထပ်တစ်နေ့ပိုသေချာလာလေလေ ဒေးကြောက်လာမိလေလေပင် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now