Unicode
*အတန်းတစ်ချိန်လစ်ပြီး ရုပ်ရှင်သွားကြည့်ရအောင်*
စာသင်နေတုန်း Group chat ထဲဝင်လာသည့်မက်ဆေ့ချ် ။
အရှေ့ကဆရာကိုတစ်ချက်ကြည့်လိုက်ပြီးမှ လွင်ပြင် မသိမသာဖုန်းကိုဖွင့်ကြည့်လိုက်မိသည် ။
*ဘယ်သူတွေလိုက်မလဲ? လိုက်မယ်ဆို ခဏနေ ဆရာထွက်တာနဲ့လွယ်အိတ်ဆွဲပြီးလစ်ခဲ့တော့*
ဦးဆောင်မဲဆွယ်နေသူက ခွန်အောင်မြတ်ကျော်ဖြစ်သည် ။
စက္ကန့်မခြား အသီးသီးဝင်လာသည့် မက်ဆေ့ချ်တွေကြား ဒေးရဲ့ "ငါလိုက်မယ် ဘရားသား" ဆိုတဲ့စာကိုတွေ့တော့ လွင်ပြင်ပြုံးလိုက်မိ၏ ။
ဒီ group chat က presentation လုပ်တုန်းကဖွင့်ထားသည့် နာမည်မတူသည့်သူငယ်ချင်းတွေချည်းစုထားသည့် group chat ဖြစ်၏ ။
စုစုပေါင်း ၁၅ ယောက်လောက်ရှိပြီး အကုန်ယောကျ်ားလေးတွေချည်းဖြစ်တာကြောင့် group chat မှာအမြဲလူစည်နေတတ်သည် ။
အဲ့အပြင် presentation မှာပထမဆုရထားတာကြောင့် ဒီ group ကို ကံကောင်းစေတဲ့ group chat ဆိုပြီး ဘယ်သွားသွားဘာလုပ်လုပ် လူညီနေတော့တာဖြစ်သည် ။
*Hyper ကြီးရောလိုက်မှာမလား?*
ခွန်အောင်မြတ်ကျော်က လွင်ပြင့်ကို သီးသန့် mention ပြီးမေးလာ၏။
*လိုက်မှာပေါ့*
*အိုကေ ဒါဆို ၁၅ ယောက်လုံးလိုက်မှာနော် ။ ခဏနေ ကျောင်းထိပ်မှာတွေ့မယ်*
လွင်ပြင်နာရီကြည့်လိုက်တော့ တစ်ချိန်ပြီးဖို့ ဆယ့်ငါးမိနစ်လောက်သာလိုတော့၏ ။
မှတ်လက်စဖတ်စာအုပ်မှာ highlight အပြာတင်ပြီးသည်နှင့် ရှိသမျှပစ္စည်းတွေလွယ်အိတ်ထဲကောက်ထည့်လိုက်သည် ။
ဆရာထွက်သည်နှင့်တစ်ပြိုင်နက် လွင်ပြင်အပါအဝင် အတန်းထဲကသူငယ်ချင်းငါးယောက်လောက် ကျောင်းထိပ်ထိအတူတူလျှောက်သွားလိုက်ကြသည် ။
ဟိုရောက်တော့ အခန်းမတူသည့်ဒေးတို့အုပ်စုက ရောက်နှင့်နေကြပြီဖြစ်သည် ။
"မုန့်တစ်ခုခုအရင်စားမလား? လက်မှတ်အရင်ဖြတ်ကြမလား?"
"လက်မှတ်က ငါကြိုဖြတ်ပြီးသား ။ မုန့်အရင်သွားစားရအောင်"
STAI LEGGENDO
ငါ့ကိုမချစ်ဘူး .. (COMPLETED)
Narrativa generaleအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး