Unicode
ခြောက်တန်းနှစ် ။ ထူးချွန်စာမေးပွဲရာသီ ။
တစ်နည်း .. မကိုဋ်ဒေးမောင်ဆိုသူနှင့် လွင်ပြင် တရားဝင်မိတ်ဆက်ခွင့်ရခဲ့သည့်အချိန်က လွင်ပြင့်အသက် ၁၃ နှစ်ဝန်းကျင်ခန့်ကဖြစ်သည် ။
ထိုနေ့က လွင်ပြင်တို့ထူးချွန်ကျောင်းသားတွေအကုန် တစ်ခြားကျောင်းတစ်ကျောင်းမှာမြို့နယ်အဆင့်ဆန်ကာတင်ဖြေရသည့်နေ့ဖြစ်၏ ။
လွင်ပြင်တို့ကျောင်းက သင်္ချာထူးချွန်ကျောင်းသားငါးယောက် ၊ အင်္ဂလိပ်စာထူးချွန်ကျောင်းသားငါးယောက်ကို ဆန်ကာတင်အဖြစ်ဝင်ဖြေခိုင်းသည် ။
ထိုနှစ်က လွင်ပြင် ပထမဆုံးအကြိမ်အဖြစ် သင်္ချာထူးချွန်ပြိုင်သည့်နှစ်ဆိုလဲမမှားပေ ။
"သားလေးက အစ်မစံပယ်ရဲ့မြေးလေးမလား?"
လွင်ပြင်လှည့်ကြည့်လိုက်တော့ မျက်မှန်းတမ်းမိနေကျတစ်စုံတစ်ယောက်နှင့် ချွတ်စွပ်နီးပါးတူသည့်မျက်နှာတစ်ခုက မြင်ကွင်းထဲပေါ်လာခဲ့သည် ။
"အန်တီက သားရဲ့ဖွားဖွား အစ်မစံပယ်နဲ့ အရင်က ကျောင်းမှာဆရာမတူတူလုပ်ခဲ့ဖူးတယ် ။ သားဖွားဖွားပြောပြမယ်ထင်တယ်"
လွင်ပြင့်နားထဲ အရင်တုန်းကဖွားဖွားပြောနေကျအကြောင်းအရာတစ်ခုကိုပြန်သတိရမိတော့ ခေါင်းညိတ်ပြလိုက်မိ၏ ။
"ဟုတ် သားကြားဖူးထားပါတယ်"
"ဒါက သားနဲ့ရွယ်တူအန်တီ့သားလေ ။ သူက နည်းနည်းတော့ဆိုးတယ် ။ သားနဲ့အတန်းမတူဘူးလို့တော့ထင်တာပဲ ။ အန်တီ့သားက တန်းခွဲ ၂ ကလေ"
ဖော်ရွေစွာမိတ်ဆက်နေတဲ့အန်တီဘေးမှာ လွင်ပြင့်ကိုစိုက်ကြည့်နေခဲ့သူ ။
ထိုအချိန်က လွင်ပြင်သတိထားလိုက်မိတာ တစ်ဖက်လူရဲ့ ခပ်တိုတိုဆံပင်အကောက်ရယ် ။ မျက်ခုံးအစပ်နားက ခပ်ထင်းထင်း မှည့်နက်တစ်ခုရယ် ။ လွင်ပြင့်ထက် အနည်းငယ်ပုသယောင်ရှိတဲ့အရပ်အမြင့်ရယ် ။
"အန်တီ့သားနာမည်က မကိုဋ်ဒေးမောင် ။ သားနာမည်က..."
"လွင်ပြင်ကကြိုးပါ အန်တီ"
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး