Unicode
မွေးရပ်မြေကိုပြန်ရ၍ ကျောင်းပိတ်ရက်တွေမှာ အပျော်တွေချည်းပြည့်နှက်မည်လို့ထင်ခဲ့သမျှ သည်ရောက်မှ တက်တက်စင်အောင်လွဲတော့၏ ။
လွင်ပြင်ပြန်ရောက်ပြီး သုံးရက်လောက်အထိ အိမ်မှာအရာရာအဆင်ပြေနေသေးသည် ။
မိသားစုငါးယောက်လုံးထမင်းလက်ဆုံစား ၊ ရယ်မောပြောဆိုကြရင်း မေမေက လွင်ပြင်တို့ကြိုက်သည့်မုန့်အချိုတွေပင်လုပ်ပေးသေးသည် ။
သို့ပေမယ့် ပြဿနာက လေးရက်မြောက်နေ့မှာစသည် ။
ထိုနေ့က ယာယာတို့ကို လွင်ပြင် ညနေပိုင်းကျူရှင်သွားကြိုရသည် ။
လွင်ပြင်မရောက်ခင် ယာယာ့အနားမှာဖြတ်ခနဲမြင်လိုက်ရသည့်ကောင်လေးတစ်ယောက်က လွင်ပြင့်စက်ဘီးလဲနီးကပ်လာရော ချက်ချင်းပျောက်သွားခဲ့၏ ။
အစ်ကိုတစ်ယောက်အနေနဲ့ အနည်းအကျဉ်းရိပ်မိလိုက်ပေမယ့် လွင်ပြင် ထိုတစ်ခဏမသိချင်ယောင်ဆောင်ပေးလိုက်ပါသည် ။
သို့ပေမယ့် ကိစ္စက ထိုမျှနှင့်ရပ်မသွားခဲ့ပါ ။
ထိုညမှာပင် ညီမလေးတို့ကျူရှင်ကဆရာမက မေမေ့ဆီတိုက်ရိုက်ဖုန်းဆက်ပြီး ယာယာ ဒီတစ်ခေါက်ဘာသာစုံအမှတ်နည်းကြောင်းတိုင်တန်းလာခဲ့သည် ။ ညီမလေးကလဲ လွင်ပြင့်လို ဘာသာစုံဂုဏ်ထူးမှန်းထားသည့်ကျောင်းသူမို့ ဒီတစ်ခေါက်အမှတ်ကို အားမရကြောင်း ၊ လိုအပ်တာရှိရင် ကျူရှင်ထပ်ခေါ်သင့်ကြောင်းအကြံပေးသွားတာပင် ။
မေမေက သူများမိဘတွေလို တရားသေဆူပူအော်ငေါက်တာမျိုးမလုပ်တတ်ပါ ။ လေသံအေးအေးဖြင့်သာ နားဝင်အောင်ဆုံးမတတ်သူပင် ။
သို့ပေမယ့် ဖြစ်ချင်တော့ လွင်ပြင့်ကို ယာယာ့လွယ်အိတ်ထဲက ထိုအမှတ်စာရင်းစာရွက်သွားယူခိုင်းခဲ့သည် ။
ထိုတစ်ခဏ လွင်ပြင့်မျက်လုံးထဲဝင်လာသည်က လွယ်အိတ်ဘေးအကန့်ထဲမှာရှိနေသည့် ပန်းနုရောင်စာအိတ်လေးနှင့်ချောကလတ်တွေပင် ။
မေမေမမြင်ခင် ယာယာ့ကိုခေါ်ပြီးမေးမယ်လုပ်တုန်းမှာဘဲ အခန်းထဲလိုက်ဝင်လာသည့်မေမေက လွင်ပြင့်လက်ထဲက ယာယာ့နာမည်နဲ့ရည်းစားစာတွေကိုတွေ့ပြီး ပေါက်ကွဲတော့သည် ။
![](https://img.wattpad.com/cover/299486415-288-k818729.jpg)
ŞİMDİ OKUDUĞUN
ငါ့ကိုမချစ်ဘူး .. (COMPLETED)
Genel Kurguအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး