Unicode
ဘုရားဝတ်ပြုနေတုန်း ဘောင်းဘီအိတ်ထဲက တတီတီမြည်နေသည့် ဖုန်းသံ။
ဘေးလူတွေအနှောက်အယှက်ဖြစ်မည်စိုး၍ လွင်ပြင် ခေါ်ဆိုသူနာမည်ပင်မကြည့်တော့ပဲ ကပျာကယာဖုန်းချလိုက်မိသည် ။
သည်နေ့က Jan 1 ရက်ဖြစ်တာကြောင့် ရွှေတိဂုံဘုရားရင်ပြင်၌ ဘုရားဖူးလာကြသူတွေစည်ကားလျက်ရှိ၏ ။
ဆောင်းမနက်ခင်းလေထုရဲ့အရှိန်အဝါအချို့လွှမ်းခြုံလျက်ရှိပြီး တချွမ်ချွမ်မြည်နေသောဆည်းလည်းသံလေးများက လွင်ပြင့်စိတ်အစဉ်ကိုကြည်နူးလာစေသည် ။
လွင်ပြင် သည်မနက်စောစောထ ရေမိုးချိုးပြီးသည်နှင့် ဒေးအခန်းတံခါးကိုသွားခေါက်ကြည့်ခဲ့သေးသည် ။ အချိန်အတော်ကြာသည်အထိ အထဲမှပြန်ဖြေသံမကြားရတာကြောင့် ဒေးအမှန်တကယ်အိပ်မောကျနေလောက်သည်ဟုမှတ်ယူပြီး ရွှေတိဂုံစေတီသို့ တစ်ယောက်တည်းထွက်လာခဲ့ခြင်းပင် ။
ရောက်ရောက်ချင်း စနေနေ့နံထောင့်၌ ပန်း ၊ ရေချမ်းပူဇော်ပြီးသည်နှင့် အလှူမဏ္ဍပ်တစ်ခုသို့သွား၍ အလှူငွေထည့်ရင်းကုသိုလ်ယူလိုက်၏ ။ ပြီးမှ စောင်းတန်းတစ်ခု၌ဝင်၍ အေးအေးဆေးဆေးတရားထိုင်မှတ်နေခဲ့သည်မှာ အိတ်ထဲက ဖုန်းသံမကြားရခင်အထိပင် ။
ပထမအကြိမ်ချလိုက်မိတဲ့ဖုန်းသံက ဒုတိယအကြိမ်ထပ်ဝင်လာသည် ။
သည်တစ်ခါတော့ ခေါ်ဆိုသူနာမည်ကိုလွင်ပြင်ကြည့်လိုက်မိပြီ ။ မကိုဋ်ဒေးမောင်မှန်းသိလိုက်ရချိန် အရေးကြီးလောက်မည်မဟုတ်ကြောင်း လွင်ပြင်ခန့်မှန်းမိ၍ ဖုန်းကိုစက်ပါပိတ်ပြီး ဘုရားဝတ်ပြုခြင်း၌ပဲ အာရုံပြန်ထားလိုက်၏ ။
မနက်ခင်းတစ်ပိုင်းလုံးနီးပါး ဘုရားမှာပဲ လွင်ပြင်အချိန်ကုန်ခဲ့သည် ။
ရင်ပြင်တော်တစ်လျှောက် စေ့စပ်စွာလိုက်ကြည့်မိခဲ့ရုံမက အပြန်လမ်း၌လည်း ငါးစာဝင်ကျွေးခဲ့သေးသဖြင့် လွင်ပြင်အလွန်အမင်းကြည်နူးနေမိတော့၏ ။
တက္ကစီပေါ်ရောက်မှ မိမိအား သုံးခါတောင်ဖုန်းခေါ်ထားသည့် ဒေးကို ဖုန်းပြန်ဆက်ရသည် ။

VOCÊ ESTÁ LENDO
ငါ့ကိုမချစ်ဘူး .. (COMPLETED)
Ficção Geralအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး