-11-

7.4K 599 10
                                    

Unicode


သံယောဇဉ်ဆိုတာ ငြိတွယ်တတ်တယ်

ဂရုစိုက်မှုတွေဆိုတာ အကျင့်ပါတတ်တယ်

အပြုံးဆိုတာ စွဲလမ်းတတ်တယ်

ထိုစာသုံးကြောင်းကို လွင်ပြင်မမှိတ်မသုန်ကြည့်ရင်း  သက်ပြင်းငွေ့ငွေ့ချလိုက်သည် ။

လွင်ပြင်က စာတွေ့ထက် လက်တွေ့ကိုပိုယုံကြည်ပါ၏ ။

လာမည့်သုံးရက်ဆို ခရစ်စမတ်ရောက်ပြီဖြစ်သည် ။ ဒေးဘက်က ဘယ်လိုနေနေ လွင်ပြင်သည်တိုင်းဆက်မသွားနိုင်တော့ပါ ။

ဒေးကိုတစ်ရက်လောက်လျစ်လျူရှူမိရုံနှင့် ဖျားပါဖျားသည့်ကိုယ့်ကိုယ်ကိုယ်အံ့ဩမိပေမယ့် တစ်ဆက်တည်းမှာပဲ ဒီတိုင်းဆက်သွားလို့မရမှန်းလွင်ပြင်သဘောပေါက်လာရသည် ။

အခုလို ပထမနှစ် စာအရမ်းမများသည့်အချိန်လေးမှာတောင် စာကြောင့် stress ရယ် ၊ ဒေးကြောင့် stress ရယ် လွင်ပြင်တော်တော်ခံရပါသည် ။

နောက်များဆို မလွယ်ပါ ။

*တီ*

လွင်ပြင်အတွေးများနေတုန်း မီးဖိုခန်းထဲက မိုက်ခရိုဝေ့အသုံးပြုသံကြားလိုက်ရ၏ ။ ကြည့်ရတာ ဒေး ညလယ်စာထစားသည်ဖြစ်မည် ။

လွင်ပြင်သတိထားမိသလောက် ဒေးက စားချိန်သောက်ချိန်အလွန်ဂရုစိုက်တတ်တာတွေ့ရသည် ။ မနက်စာကိုပြည့်ပြည့်ဝဝသေချာစားသလို နေ့လယ်စာ၊ ညစာတွေကိုလဲ အစာစားချိန်မကျော်အောင်စားတတ်သည့်အကျင့်ရှိ၏ ။ အခုလို ညကိုးနာရီပတ်ဝန်းကျင်လောက်ဆိုလဲ ညလယ်စာအဖြစ် ပေါင်မုန့်နဲ့နွားနို့ဖြစ်ဖြစ်စားတတ်သေးသည် ။

လွင်ပြင်ဖျားသည့်နေ့တွေကဆို ဒေးက သူ့ဘာသာဟင်းချက်စား၏ ။ ထိုအခါမှသာ ဒေးလဲ ဟင်းချက်တတ်ကြောင်းလွင်ပြင်သိရတာပင် ။ ဒါကိုများ ဒေးက ဟင်းမချက်တတ်သလိုလို ဘာလိုလိုနှင့် အရင်ရက်တွေတုန်းကလွင်ပြင်ချက်ထားတဲ့ဟင်းတွေကို အဆင်သင့်ထမင်းချိုင့်ထုတ်တတ်သေးသည် ။ သူဟင်းချက်တတ်ကြောင်း တစ်ခွန်းတောင်ဟမလာခဲ့ပါ ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now