Unicode
ကျောင်းဖွင့်ရက်တွေပြန်ရောက်လာခဲ့ပြီဖြစ်သည် ။
နွေရာသီအပူက တစ်နေ့ထက်တစ်နေ့ဆိုးလာတာကြောင့် လွင်ပြင်တို့မှာ စာလုပ်ရတာမပင်ပန်းပဲ အပူဒဏ်ခံရတာကိုက ပိုပင်ပန်းနေမိသလိုပင် ။
တော်သေးသည်က ဒီတစ်ခေါက်ကျောင်းစဖွင့်တည်းက ဒေးရဲ့ကားနဲ့ ကျောင်းအသွားအပြန်လိုက်ခွင့်ရခဲ့သည် ။ ဒေးက ညနေပိုင်းသွားစရာရှိရင်တောင် လွင်ပြင့်ကိုအိမ်အရင်တစ်ခေါက်လိုက်ပို့ပေးသည် ။ ပြီးမှ သူ့ဘာသာသူ အိမ်ကတစ်ခေါက်ပြန်ထွက်၏ ။
မဟုတ်ရင် နေပူထဲစက်ဘီးနင်းရမည့်ဒုက္ခကသေးမည်မဟုတ်ပါ ။
"ဟဲ့ Top6 ငါ့ကိုလဲ လီမွန်တီးတစ်ခွက်လောက်ဝယ်တိုက်စမ်းပါဟယ်"
ကန်တင်းမှာလွင်ပြင်အအေးဝယ်နေတုန်း ဘေးကနေ အမောစို့နေသည့်မျက်နှာနှင့်ရောက်လာသည့်လဲ့ရည်ဦး ။
"ဘယ်ကပြန်လာတာလဲ ချွေးတွေချည်းပဲတစ်ကိုယ်လုံးလဲ"
လီမွန်တီးနောက်တစ်ခွက်ထပ်မှာလိုက်ရင်း ဘေးမှာ သူ့လက်နဲ့သူ ယပ်ခတ်နေတဲ့လဲ့ရည်ဦးကိုလှည့်မေးလိုက်သည် ။
"ကိုကိုနဲ့ date ပြီးပြန်လာတာ"
"မနက်က lecture မတက်ဘူးပေါ့?"
"မတက်ဘူးလေ ။ ကိုကို့လောက် ဘာမှအရေးမကြီးဘူး"
လွင်ပြင် စိတ်ညစ်ပါတယ်ဆိုတဲ့ပုံစံနှင့်မျက်နှာမဲ့ပြလိုက်ရင်း အန်တီကြီးပေးလာတဲ့လီမွန်တီးခွက်ကို လဲ့ရည်ဦးကို လက်လွှဲပေးလိုက်သည် ။
လဲ့ရည်ဦးက ဟိုတလောကမှ သူ့ရည်းစားနဲ့အချေအတင်ရန်ဖြစ်နေခဲ့ကြပြီး အခုကျတော့ ကိုကို ကိုကိုနှင့် ပြန်အကဲပိုနေပြန်၏ ။
သူတို့အတွဲက အမြဲရန်ဖြစ်လိုက် သဲလိုက်ကဲလိုက်နှင့် မတည့်အတူနေအတွဲဖြစ်သည် ။
ကန်တင်းတစ်ဝိုက်ဝေ့ဝဲကြည့်လိုက်တော့ ထောင့်စွန်းဝိုင်းအားနေသည်ကြောင့် လွင်ပြင်ထိုသို့မြန်မြန်နေရာသွားဦးလိုက်သည် ။
ဒါပြီးရင် lecture တစ်ချိန်ရှိပေမယ့် လွင်ပြင်မတက်ချင်တော့ပါ ။ တစ်ခါတစ်လေတော့လဲ ကိုယ့်သဘောနဲ့ကိုယ် တစ်ရက်လောက် လူဆိုးလုပ်ပစ်လိုက်ဦးမည် ။
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး