-34-

7.9K 514 24
                                    

Unicode

"တစ်ခုခုဝင်စားရအောင်လေ ။ ငါနေ့လည်စာလွတ်ထားလို့ဒီနေ့"

ခွန်အောင်မြတ်ကျော်စကားကို လွင်ပြင်ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက် ကားရှင်းမရှင်းတစ်ချက်ကြည့်ပြီးမှ လမ်းကြောပြောင်းယူလိုက်၏ ။

အစက ကားကြုံလိုက်လာသည့်ဒီကောင့်ကို အိမ်ကိုပဲတိုက်ရိုက်ခေါ်သွားမလို့စဉ်းစားပေမယ့် ဒီနေ့အိမ်မှာဟင်းမချက်ထားတာကြောင့် အပြင်မှာပဲစားလိုက်တာကပိုကောင်းပါသည် ။

"ဘာမှာမလဲ?"

"အင်း ရှမ်းခေါက်ဆွဲတစ်ပွဲ ။ ကမ္ဗလာဖျော်ရည်တစ်ခွက် ။ မင်းရော?"

"ငါက ပြည်ထမင်းသုပ်နဲ့ ထောပတ်သီးဖျော်ရည်"

"အင်း"

"ဒါပဲမလား"

"ခဏ ။ ဒေးအတွက် ဖက်ထုပ်တစ်ပွဲဝယ်သွားဦးမယ်"

လွင်ပြင့်စကားကြောင့် ခွန်အောင်မြတ်ကျော်က ခဏငိုင်သွားပြီးမှ ဘာမှမဖြစ်သလို စားပွဲထိုးကောင်လေးကိုစကားဆက်ပြောနေ၏ ။

လွင်ပြင် အားနာရုံအပြင်မတတ်နိုင်ခဲ့ပါ ။

မိမိသဘောထားကိုတိတိပပသိထားပြီးတာတောင် သူငယ်ချင်းကောင်းအနေနဲ့အနားမှာဆက်ရှိနေသူအပေါ် ရက်စက်ရာများကျနေလားလို့ လွင်ပြင်ခဏခဏအတွေးဝင်၏ ။

ခွန်အောင်မြတ်ကျော်ကိုယ်တိုင်က ဒီတစ်သက် ခံစားချက်တွေဖွင့်မထုတ်ပြဖို့ဆုံးဖြတ်ထားပုံပင် ။ သာမန်လိုက်ရောညီထွေဂရုစိုက်မှုတွေကြားထဲ လွင်ပြင့်ကိုရှိနေစေခဲ့ပြီး သူ့အတွက် ဘာတစ်ခုမှမတောင်းဆိုလာခဲ့ပေ ။

ဒေးနဲ့လွင်ပြင် အရင်ထပ်ရင်းရင်းနီးနီးဖြစ်သွားပြီးနောက်မှာလဲ ခွန်အောင်မြတ်ကျော်က ခပ်ပြုံးပြုံးသာ လွင်ပြင့်နားဆက်ရှိနေခဲ့တာဖြစ်သည် ။

"ဘယ်လိုဖြစ်လို့ နေ့လည်စာတောင်လွတ်တာလဲ?"

"ဒီတိုင်းမဆာလို့ ချိုင့်မဖွင့်တော့တာ ။ ပြီးတော့ မင်းနဲ့ကားကြုံလိုက်ဖို့ရှိသေးတာပဲဆိုပြီး မင်းနဲ့မှတစ်ခုခုဝင်စားမလို့"

ငါ့ကိုမချစ်ဘူး .. (COMPLETED)Donde viven las historias. Descúbrelo ahora