Unicode
ဘဝမှာတစ်ခါလောက်အဆိုးဆုံးတွေကြုံတွေ့ပြီးရင် ပြန်သန်မာလာတဲ့နေ့တွေဆိုတာရှိသည် ။
တစ်ခါတစ်လေ ကိုယ်ဘာမှမလုပ်ဘဲ ရုတ်တရက် ကံဇာတာတွေတက်လာတာဆိုတာမျိုးလဲရှိတာပဲ ။
အသက်ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်နှစ်လောက်အထိက အပြောင်းအလဲ အဆိုးအကောင်းတွေအများဆုံးကြုံတွေ့ရတဲ့နှစ်လို့ပြောကြသည် ။
လွင်ပြင့်အတွက်တော့သိပ်မှန်၏ ။
အသက် ၁၈ ပြည့်ခါနီးမှာ အိမ်နဲ့အဆင်မပြေဖြစ်သည် ။ အသက် ၁၉ နှစ်မှာ ရက်ရက်စက်စက် အသည်းကွဲသည် ။ အသက် ၂၀ ၊ ၂၁ နှစ်နှစ်လုံးမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းစိတ်ပျက်ရတဲ့အထိ အားငယ်ဖူးတဲ့နေ့တွေရှိခဲ့ဖူးသည် ။
ငယ်ငယ်တည်းက ပညာရေးနဲ့ပတ်သက်လို့အနှောင့်အယှက်မရှိဖူး၍သာတော်တော့သည် ။ မဟုတ်ရင် အချစ်ရေးက ခေ ၊ မိသားစုနဲ့အဆင်မပြေ ၊ ကျောင်းမှာပါ စာတွေမလိုက်နိုင်ခဲ့ရင် လွင်ပြင် တကယ်လဲပြိုကျသွားမည်ထင်၏ ။
ကံကြမ္မာကို လူတွေ မည်သို့မည်ပုံသတ်မှတ်ကျလဲမသိပေမယ့် လွင်ပြင်ကတော့ စကားလုံးငါးလုံးနှင့်သာတင်စားလိုသည် ။
*ခန့်မှန်းမရခြင်း*
သုံးလေးနှစ်နီးပါး တစ်ကိုယ်တော်ရုန်းကန်ပြီးနောက်မှာ လွင်ပြင် ဘယ်လိုကိုင်တွယ်ရမလဲမသိတဲ့ကိစ္စတွေက သူ့အလိုလိုအဆင်ပြေသွားသည့်နေ့ရက်တွေရောက်လာခဲ့လေသည် ။
"သမီးတို့ ကိုကို့ကို တကယ်တောင်းပန်ပါတယ်"
တနင်္ဂနွေပိတ်ရက်တစ်ခုရဲ့နံနက်စောစောမှာ မထင်ထားတဲ့မျက်နှာတွေကိုတွေ့လိုက်ရတော့ လွင်ပြင့်မှာ တစ်ခဏ ပြောစရာစကားပင်ရှာမတွေ့ခဲ့ချေ ။
ယာယာနဲ့တာတာ ညီမလေးနှစ်ယောက်လုံးက လွင်ပြင့်ရှေ့မှာမျက်နှာငယ်လေးတွေနဲ့ထိုင်နေရင်း သူတို့အပြစ်ရှိသမျှကိုဝန်ခံနေခဲ့ကြ၏ ။
"ကိုကို့စေတနာတွေကိုမမြင်ဘဲ ကိုယ်ထင်ရာဘဲကိုယ်လုပ်မိလို့ ၊ တစ်လျှောက်လုံး ကိုကို့အပေါ်အမြင်မကြည်ဖြစ်နေခဲ့လို့ တကယ်နောင်တရတယ် ။ ကိုကို့လောက် ညီမလေးတို့အပေါ် ဘယ်သူကကောင်းပေးမှာလဲ ။ ငယ်တုန်းမို့လို့ ကလန်ကဆန်လုပ်ချင်ခဲ့တာ ကိုကို့ကို တကယ်တောင်းပန်ပါတယ်"
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး