Unicode
"ဒီနေ့မမှီရင် နောက်နေ့ဆက်လုပ်လို့ရတာပဲ ငါတို့ခဏလောက်နားကြမလား?"
"ပြီးအောင်လုပ်လိုက်ပါတော့ဟ ဘယ်လောက်မှမကျန်တော့ဘူး"
"မြန်မြန်လုပ်ရင်မြန်မြန်ပြီးတာပေါ့ ။ Presenter ကိုစာဖတ်ချိန်ပေးရဦးမယ်လေ"
"နင့်အကြံငါသိပါတယ် ကောင်မရယ် ဟင်းဟင်း"
လဲ့ရည်ဦး၏အံကြိတ်ပြုံးကြီးကြောင့် အဖွဲ့ထဲက အခြားမိန်းကလေးတစ်ယောက်က ရှက်ကိုးရှက်ကမ်းဖြစ်သွားတဲ့အမူအရာနဲ့အတူ 'ငါဒီနေ့တကယ်ပင်ပန်းနေလို့ပါဟာ' ဟူသည့် ဖြေရှင်းချက်တိုးတိုးကြားရသည် ။
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့် လွင်ပြင်တို့ 'လ' squad က ဘယ်နေရာရောက်ရောက်လူညီသည်မို့ အဆင်ပြေသည် ။
အခုလဲ ကျောင်းကပေးလိုက်သည့် မပြီးပြတ်သေးသော project ကို လွင်ပြင့်အိမ်အထိသယ်လာကာ အုပ်စုလိုက်စာလာလုပ်နေကြခြင်းဖြစ်၏ ။
စားပွဲပေါ်၌ delivery နှင့်မှာထားသည့် ကြက်ကြော်နှင့်အအေးတွေအပြင် ၊ project အတွက်လိုသည့် marker တွေ hightlight တွေနှင့် ပွစိကျဲနေသည် ။
"အရင်တည်းက ဒီကောင့်အိမ် ဒီလောက်အဆင်ပြေမှန်းသိရင် ဒီမှာပဲစာစုလုပ်ပါတယ်ကွာ"
"အခုလဲ နောက်မကျပါဘူး ။ ငါတို့နောက်ထပ် ၆ နှစ်နီးပါး ဒီမျက်နှာကြီးတွေပဲမြင်နေရဦးမှာ ။ နင်အဲ့မှာ ငါတို့မျက်နှာကို အဝထိုင်ကြည့်ပြီး စာလုပ် သူငယ်ချင်း"
"Top 6 အိမ်မှာစာလုပ်ရင် Top 6 ရဲ့ hyper ဓာတ်သဘောတွေငါတို့ဆီကူးလာမှာလား? အဲ့လိုဆိုရင်တော့ နေ့တိုင်းဒီပဲလာတော့မယ် ဟားဟား"
အရင် project တွေတုန်းက အပြင်မှာစာစုလုပ်ကြတာဖြစ်ပေမယ့် အချင်းချင်းပိုရင်းနီးလာကြပြီးသည့်နောက်ပိုင်း ကျောင်းနှင့်အနီးဆုံးဖြစ်သည့်လွင်ပြင့်အိမ်မှာသာစာစုလုပ်ကြရန် လွင်ပြင်ကိုယ်တိုင်အကြံပေးလိုက်ခြင်းဖြစ်သည် ။
ပျော်ပျော်ပါးပါးကြီး အိမ်လိုက်လာကြသည့်သူငယ်ချင်းအုပ်စုကြီးကလဲ ဒီရောက်တော့လွတ်လွတ်လပ်လပ်ရှိသည်မို့ သဘောကျမဆုံးဖြစ်နေကြသေး၏ ။
![](https://img.wattpad.com/cover/299486415-288-k818729.jpg)
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး