Unicode
ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ ။
ပြည့်လာတဲ့ဆုတောင်းတွေ ။
ပင်ပန်းခဲ့သမျှပြေပျောက်သွားရလောက်တဲ့အထိ ဆတိုးရရှိလာတဲ့ဂရုစိုက်မှုတွေ ။
မေတ္တာမှန်ရင် အသွားအပြန်ရှိတယ်ဆိုတဲ့စကားတွေကို လွင်ပြင် စယုံကြည်လာမိတဲ့အချိန်တွေ ။
အရာရာဟာ နစ်ဝင်ချင်စရာကောင်းမနေဘူးလား?
*
"ဒီညအတွက် အကင်တွေဝယ်ထားတယ် ။ အအေးတွေရောပဲ ။ ထမင်းတော့မချက်တော့ဘူး ။ မင်းကြိုက်ရဲ့လား?"
အပြင်ကပြန်လာတဲ့လွင်ပြင့်ကို ဆီးကြိုမေးလာတဲ့စကား ။
ဒေးက မနက်တည်းက တက်တက်ကြွကြွနဲ့ new year ညစာပြင်ဆင်နေခဲ့ခြင်းဖြစ်၏ ။
ဒီတစ်ညတော့ သူနဲ့အတူအချိန်ကုန်ဆုံးပေးပါဆိုပြီးတောင်းဆိုလာတဲ့မျက်ဝန်းတွေကို လွင်ပြင်တကယ်မငြင်းရက်နိုင်ခဲ့ပါ ။
သည်နှစ် new year က ကျောင်းပိတ်ရက်နှင့်ကြုံတာကြောင့် ဒေးက တစ်နေကုန်အိမ်မှာနေရင်း ဘာတွေအလုပ်ရှုပ်နေမှန်းမသိပေ ။ လွင်ပြင်ကတော့ မနက်ခင်းတစ်ပိုင်း 'လ' squad အုပ်စုကြီးနှင့် ဟိုဟိုဒီဒီလျှောက်လည်မိသေးသည် ။
"အယ် နေပါဦး ။ မင်းလက်ထဲကဘာတွေလဲ ။ ဝိုင်တွေဝယ်လာတာလား လွင်ပြင်?"
လဲ့ရည်ဦးရဲ့ပြင်ဦးလွင်အပြန်လက်ဆောင်ထည့်ပေးလိုက်သည့် ဝိုင်ပုလင်းတွေကိုမြင်တော့ ဒေးက အံ့ဩတကြီးမေးလာ၏ ။
လွင်ပြင်ရှည်ရှည်ဝေးဝေးပြောမနေချင်တော့တာကြောင့် သည်တိုင်းခေါင်းသာညိတ်ပြလိုက်မိသည်။
"မင်းမသောက်ဖူးဘူးမဟုတ်ဘူးလား ။ ဒီညသောက်မလို့လား?"
"တစ်ခါလောက်စမ်းကြည့်မလားလို့"
"ငါလဲတူတူလိုက်သောက်ပေးမယ်အဲ့ဒါဆို"
လွင်ပြင်ခေါင်းသာညိတ်ပြလိုက်သည် ။ ဒေးက တောက်တောက်ပပပြုံးပြရင်း လွင်ပြင့်လက်ထဲကဝိုင်ပုလင်းတွေကို စားပွဲပေါ်သွားတင်နေ၏ ။
ESTÁS LEYENDO
ငါ့ကိုမချစ်ဘူး .. (COMPLETED)
Ficción Generalအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး