Unicode
နွေဦးရဲ့ရောင်နီဖျဖျလေးက ဒေးမျက်နှာပေါ်ခပ်သဲ့သဲ့ကျဆင်းနေသည် ။
မျက်လုံးစုံမှိတ်၍နွေးထွေးမှုကိုခံယူမိတော့ အနားက ရယ်သံတိုးတိုးလေးကြားရ၏ ။
ဒေးမျက်လုံးဖွင့်ကြည့်လိုက်သည် ။
ရီဝေဝေမြင်ကွင်းထဲမှာ ပတ်ဝန်းကျင်က အနှေးပြကွက်လေးလိုလှလှပပ ။
သူပြေးနေသည် ။ တကယ်ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ။
နောက်တော့ သူ့မြင်ကွင်းထဲ ပိုးသားအင်္ကျီအဖြူရောင်လေးနှင့် တစ်စုံတစ်ယောက်ဝင်ရောက်လာ၏ ။
"လွင်ပြင်?"
မရေမရာသူ့ခေါ်သံကို တစ်ဖက်က အပြုံးလေးတစ်ခုနှင့်တုန့်ပြန်တာကြောင့် သူပိုအံ့ဩသွားသည် ။
လွင်ပြင်က သူ့လက်ကိုဆွဲရင်းပြေးသည် ။ တကယ်ကို ကြည်ကြည်နူးနူးနှင့်လဲရယ်နေသေးသည် ။
"ဟင်?"
မြင်ကွင်းထဲက ရုတ်တရက် လွင်ပြင်ပျောက်သွားတာကြောင့် ဒေး ယောင်ယောင်မှားမှားနှင့်လိုက်ရှာမိ၏ ။
နောက်တော့ ရောင်စုံပန်းခင်းကြီးတစ်ခုထဲ သူရောက်သွားသည် ။
ညနေဆည်းဆာမှာ ပန်းလေးတွေရဲ့အရောင်အသွေးက ပိုမိုရုပ်လုံးကြွနေသယောင် ။
ထို့ထက်ပိုလှပနေသည်က ပန်းခင်းပေါ်မှာ ကြွကြွရွရွလှဲအိပ်နေသည့် လွင်ပြင် ။
ဒေး မသိစိတ်ကနေ သူ့အနားကတိုးကပ်သွားမိသည် ။
အနီးကပ်မြင်နေရသည့် လွင်ပြင့်မျက်တောင်လေးတွေက ကော့စင်းနေပြီး မျက်မှန်မတပ်ထားတဲ့မျက်ဝန်းလေးတွေက ကြည်လဲ့နေ၏ ။
ဒေးအရမ်းမင်သက်သွားမိသည် ။
အမြဲတည်တင်းနေတဲ့နှုတ်ခမ်းထူထူလေးက လှလှပပတွန့်ချိုးနေပြီး ဒေးကိုညှို့ယူနေသကဲ့သို့ပင် ။
မျက်လုံးလေးပင့်ပြီး ဒေးကိုကြည့်နေပုံက တကယ်ကိုနူးနူးညံ့ညံ့လှလှပပ ။
'လှလိုက်တာ'
ဒေးနှုတ်ကနေ ကိုယ်တိုင်သတိမထားလိုက်မိခင်မှာပင် ခပ်တိုးတိုးရေရွတ်မိသွား၏ ။
![](https://img.wattpad.com/cover/299486415-288-k818729.jpg)
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး