-25-

8.9K 658 35
                                    

Unicode



ဒီရက်ပိုင်း ဒေးတို့ဆေးကျောင်းသားတွေကြားနာမည်ကြီးနေသည့် video တစ်ခုရှိသည် ။

မိမိ duty coat ကို မိမိသက်ဆိုင်သူပေါ်လွှမ်းခြုံပေးရင်း ပိုင်ဆိုင်ကြောင်းပြသည့် trend တစ်ခုပင် ။

ထို video ထွက်ထွက်ချင်း ကျောင်းကအတွဲတွေတော်တော်များများလိုင်းပေါ်တင်ပြီးမျက်စိနောက်လောက်အောင်ကြွားလုံးထုတ်ကြတော့သည် ။  တစ်ချို့ဆို practical ကိုပါ သူတို့ရည်းစားဂျူတီကုတ်ကြီးတွေဝတ်လာလို့ မတော်တရော်အင်္ကျီကြီးနေတာ၊ ပွနေတာမျိုးတွေပါရှိသေး၏ ။

တော်သေးသည်က မြကတော့ ဒေးကို အဲ့လို video ရိုက်ဖို့မတောင်းဆိုခဲ့ပါ ။ တောင်းဆိုလဲ ဒေးငြင်းမိမည်ထင်၏ ။ ဒေးက တော်ရုံ မိမိအဝတ်အစားတွေသူများယူဝတ်တာမကြိုက်ပါ ။ သူများကိုငှါးပြီးသားအင်္ကျီတွေဆိုလဲ ပြန်မဝတ်ဖြစ်တော့တာများသည် ။ အနည်းငယ်ဇီဇာကြောင်သလိုဖြစ်ပေမယ့် တကယ်ကြီးသူများဝတ်ပြီးသားကို ပြန်မဝတ်ချင်တာပင် ။

အခုကျောင်းတက်လာတဲ့တစ်လျှောက်လုံးလဲ ဒေးရဲ့ ဂျူတီကုတ်တွေဆို ဘယ်သူ့ကိုမှအထိမခံခဲ့ပေ ။ သူငယ်ချင်းတွေလာငှါးရင်တောင် ငြင်းလွှတ်တာများသည် ။ ဒါပေမယ့် လွင်ပြင် ။ အဲ့ကောင်တစ်ကောင်ပဲ ဒေးရဲ့ဂျူတီကုတ်ကို သုံးလေးခါမနည်းငှါးဝတ်ဖူး၏ ။ သူ့ကိုကျ ထူးထူးဆန်းဆန်းပါပင်၊ ဒေးစိတ်ထဲဘယ်လိုမှမနေ ။ ဂျူတီကုတ်မပါလို့ငှါးဦးလို့ပြောသည့်အချိန်တွေဆို အသာတကြည်ထုတ်ပေးလိုက်မိတာများသည် ။ ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိဘဲနဲ့လေ ။

နှစ်နှစ်နီးပါးတစ်အိမ်ထဲတူတူနေခဲ့ကြတဲ့သံယောဇဉ်ဆိုတော့ ဒေး အနည်းနဲ့အများ ဒီကောင့်ကိုခင်တွယ်ပါသည် ။

သို့ပေမယ့် လွင်ပြင်လိုချင်တဲ့ချစ်ခြင်းမျိုးပေးနိုင်၊ မပေးနိုင်ကတော့ ဒေးကိုယ်တိုင်ပင်သေချာမသိပါ ။ ဒေးစိတ်ထဲ လူတစ်ယောက်ချောရင် စမ်းတွဲကြည့်ချင်သည် ။ တွဲနေရင်းအဆင်ပြေတယ်ခံစားရမှ ရှေ့ရေးအတွက်ဆက်စဉ်းစားမည် ။ အဲ့လိုပဲ ခပ်ပေါ့ပေါ့တွေးထားခဲ့ဖူးသည် ။ သူငယ်ချင်းတွေကတော့ ဒေးကိုအမြဲပြောကြ၏ ။ အဲ့တာမင်းတကယ်မချစ်ဖူးသေးလို့တဲ့လေ ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now