Extra 1

6.3K 381 13
                                    

Unicode


"ဒီနှစ်ထူးချွန်မှာ လွင်ပြင်ကကြိုး မြို့နယ်အဆင့်တက်သွားပြန်ပြီတဲ့"

"ဒီမနက် assembly မှာ ကျောင်းအုပ်ကြီးက လွင်ပြင်ကကြိုးဋီကာ ရက်ရက်စက်စက်ကိုဖွင့်တာနော် ။ ဘယ်လောက်တောင် ဒီကောင်တော်နေလို့လဲ"

"ဆရာမစံပယ်ရဲ့မြေးလေးက ကျောင်းမှာ နာမည်ကြီးဆို? တွေ့လား သူများကလေးတွေများ လိမ္မာလိုက်ကြတာ ။ မင်းလို တစ်နေ့တစ်နေ့ အမေကိုဘယ်လိုမွှေရမလဲချောင်းနေတာမဟုတ်ဘူး"

လွင်ပြင်ကကြိုး ။

လွင်ပြင်ကကြိုး ။

သည်နာမည်က ဒေးသူငယ်ချင်းတွေပါးစပ်ဖျားမှာတော့ ဆရာကြီးကိုသွားမထိနဲ့ဆိုတဲ့သဘောနဲ့ ခပ်ရွတ်ရွတ်ပြောဖြစ်ကြတဲ့နာမ်စား ။

ဆယ်ကျော်သက်လူပျိုပေါက်အရွယ် ဒေးကိုယ်တိုင်လဲ သည်နာမည်ကို တစ်ခါတစ်ရံအမြင်ကပ်မိသားပါဘဲ ။

သူသူငါငါဒီလိုအရွယ်တွေကြား လူတိုင်းတဖွဖွချီးကျူးရတဲ့အထိတော်လွန်းနေတဲ့ကောင်က ဘာတွေများသာနေလို့လဲ ။

ဒေး ပထမဆုံး ထူးချွန်ပြိုင်ပွဲဝင်ဖြေမိတာ သည်စိတ်နဲ့ဖြစ်၏ ။

"လွင်ပြင်ကကြိုးက တကယ်ကြီးသွားထိလို့မရတဲ့ကောင်ကွ ။ လူတွေမှာ မွေးရာပါ ပညာပါရမီရှိတယ်ဆိုတဲ့စကားက ဒီကောင့်ကိုများပြောသလားမသိဘူး"

ဒေးဘော်ဒါတွေ ဒီလိုဆိုကြတော့ ပထမဆုံးအနေနဲ့ ဒေးလက်ခံစပြုလာ၏ ။ သေချာပေါက်ကို လွင်ပြင်ကကြိုးရဲ့အရည်အချင်းကို တစ်ခြားကျောင်းသားတွေလိုက်မမှီနိုင်ခဲ့ပါ ။

အမှန်တော့ အရည်အချင်းတင်မဟုတ် ။

လွင်ပြင်ကကြိုးရဲ့ ခပ်တည်တည်စိုက်ကြည့်တတ်တဲ့မျက်ဝန်းတွေ ၊ တစ်ခါတစ်ရံ တွန့်ချိုးရုံပြုံးတဲ့နှုတ်ခမ်းတွေ ။

သည်လိုအမူအကျင့်တွေကအစ သူတို့ယောကျာ်းလေးဘော်ဒါတွေ လိုက်တုပလို့မရနိုင်တာမျိုးပင် ။

"တစ်ချို့တွေများ ကံကောင်းလိုက်တာ ။ ရုပ်တည်နဲ့အမြဲချေနေတာတောင် ဖူးဖူးမှုတ်မယ့်သူတွေဝိုင်းနေတာပဲ"

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now