-27-

4.3K 415 19
                                    

Unicode


ကျောင်းတွေပြန်ဖွင့်ပြီး တတိယနှစ်စတက်ရချိန်မှာတင် ဒေး လက်ရှိရည်းစားနှင့်ပြတ်သွားခဲ့သည် ။

အကြောင်းရင်းမယ်မယ်ရရမရှိပါပဲနှင့် ပြတ်သွားခဲ့၍ သူငယ်ချင်းတွေကြား အပြောများခဲ့သေးသည် ။

ပိုဆိုးသည်က သည်တစ်ခေါက်ရည်းစားကိုဒေးဘက်ကစဖြတ်လိုက်မိတာဖြစ်သည် ။

"ငါတစ်ခုခုကိုဆန်းစစ်ကြည့်ချင်လို့"

ဒေးထိုသို့အကြောင်းပြချက်ပေးတော့ သူငယ်ချင်းတွေကမယုံကြပါ ။ ဒီရက်ပိုင်း ဒေးစိတ်ထဲဖြစ်ပျက်နေတာတွေကိုဘယ်သူ့ကိုမှထုတ်ပြောမရတော့ အတော်နေရထိုင်ရခက်လှသည် ။ ရင်ထဲတစ်ခုခုတစ်ဆို့နေပြီး စားလဲဒီစိတ် သွားလဲဒီစိတ်ဖြစ်နေသည်မှာသိပ်တော့မဟန်လှပါပေ ။

"မှိုင်လှချည်လား ဟေ့ကောင်"

Squad ကဘော်ဒါတွေက စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတတ်သည့်ဒေးကိုတွေ့တိုင်းစနောက်တတ်ကြ၏ ။ သူတို့ထင်နေကြသည်က ဒေးက မြကိုဖြတ်လိုက်ပြီးမှ အသည်းကွဲနေသည်ဟူ၍ ။ ကျောင်းမှာလဲ ဒေးနဲ့မြရည်နဲ့ပြတ်သွားတဲ့အကြောင်းကို အနည်းနဲ့အများလူပြောများခဲ့သေးတာကြောင့် ဒေးစိတ်ရှုပ်ရပြန်သည် ။ အကြာကြီးနေမှရည်းစားပြန်ထားဖြစ်လိုက်ပေမယ့် သည်တစ်ခေါက်အတန်းတူချင်းထားမိသည့်ရည်းစားအတွက် ဒေး တကယ်နောင်တအကြီးကြီးရသည် ။

"မင်းတို့မသိပါဘူးကွာ"

ဒေး ညည်းညည်းညူညူဆိုလိုက်ရင်း မျက်နှာချင်းဆိုင်ကနေ ခပ်တည်တည်ဖြတ်သွားတဲ့လွင်ပြင့်ကိုတွေ့တော့ ဘာရယ်မဟုတ်လိုက်ကြည့်နေမိသေးသည် ။

လွင်ပြင်တို့အခန်းကလူတွေ practical ဆင်းရမည့်အချိန်ထင်၏ ။ အုပ်စုလိုက်ကြီး ဂျူတီကုတ်တွေအသီးသီးဝတ်လို့ထွက်လာကြသည့်အထဲ ဒေးမျက်လုံးထဲ လွင်ပြင်တစ်ယောက်ကိုပဲ ဦးဆုံးကွက်မြင်တာထူးဆန်းမနေဘူးလား ။

ဒေးကိုယ့်ကိုယ်ကိုယ်ရိပ်မိပါသည် ။ အခုတလော ဒေးရဲ့အာရုံတွေ လွင်ပြင့်ဆီမှာချည်းရှိနေမိ၏ ။

တတိယနှစ်စတက်တည်းက လွင်ပြင်က ဒေးရွေးပေးထားတဲ့မျက်မှန်အဝိုင်းအစား မျက်ကပ်မှန်အကြည်ရောင်ပြောင်းသုံးတာလဲ ဒေး ဂရုတစိုက်လိုက်ကြည့်မိသည် ။ ညနေတိုင်း ဝရံတာထွက်ပြီးပန်းပင်ရေလောင်းတတ်သည့်လွင်ပြင့်ဘေးတစောင်းမျက်နှာကိုခပ်ငေးငေးကြည့်ရတာလဲ ကျေနပ်စရာကောင်းသည်ဟုထင်လာမိသည် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now