ကိုကြီးရင်ရိပ်တရေးအိပ် {1} uni

26.6K 325 3
                                    

ကိုကြီးရင်ရိပ် တရေးအိပ် 😴1
# The heart has no language.
(အသဲနှလုံးမှာဘာသာစကားမရှိဘူးတဲ့)
ဒါပေမယ့်..
ကျွန်မအသဲနှလုံးမှာတော့ ကိုကြီးဆိုတဲ့ဘာသာစကားတစ်ခုအသေအချာရှိနေပါသည်..
..........

ကုန်းမြင့်မြင့်တစ်ခုဆီကချယ်ရီပင်ကြီးအောက်၀ယ်
သူမတို့ချစ်သူနှစ်ဦး၏ မွေ့ယာကဗ္ဗလာသည်နှင်း
ဖွေးဖွးများပင်ဖြစ်သည်။လေနဲ့အတူဝဲလွှင့်နေသော ချယ်ရီပန်းပွင့်ချပ်များကလည်း သူမတို့၂ဦးကြားက
ချစ်သက်သေ သင်္ကေတလို့ ထင်မှတ်စရာကောင်း
လှသည်။
ကိုကြီးရဲ့ဘယ်လက်ရုံးကသူမအတွက်ခေါင်းအုံး
မွေ့ယာပဲဖြစ်ခဲ့သည်။
သူမနိုးလာပြီးမျက်လုံးလေးတဖက်သာဖွင့်ကြည့်သည်။
ဟင်.. ဒီလောက်အေးကတဲ့ကြားထဲကိုကြီးကဘာ
လို့အကျီရင်ဘတ်တွေကိုကြယ်သီးမတပ်သလဲ..
သူမ စဉ်းစားမိပြန်သည်။
သြော်..
ဒါသူမမအိပ်ပျော်ခင်တုန်းက ကိုကြီးရဲ့နို့သီးသေး
သေးလေးတွေကိုကိုင်ပြီးမှအိပ်ချင်တာလို့ပူဆာ
ဂျီကြခဲ့တာကိုမှတ်မိသွားသည်။ ခစ်ခစ်..
သူမ ခစ်ခနဲရယ်ကာ လက်လေးတဖက်ထုတ်ပြီး
ကိုကြီးရဲ့ချယ်ရီသီးလေးကိုဆော့နေမိသည်။🍒
" ဟေ့ နိုးရင်လည်းထတော့ကွာ.. "

ဟင့်အင်း.. သူမလေးဆက်ပြီးအိပ်ချင်ယောင်ဆောင်ကာမျက်လုံးများမှိတ်ထားလိုက်သည်။
မကြာပါ သူမနှုတ်ခမ်းပေါ်နွေးထွေးနူးညံ့သောအနမ်းများကျရောက်လာသည်။
💞🤭
" အနမ်းလေး.. အနမ်းလေး.. နိုးပြီလား..
ထတော့လေ.,,"
ထိုစဉ်ကိုယ်ကိုလာလှုပ်နှိုးသောမေချို့ကြောင့်သူ
မအိပ်မက်မှလန့်နိုးလာပါတော့သည်။ ဟင်..
ကိုကြီး.. ကိုကြီးမရှိတော့ပါ၊ သူမဖက်ထားမိတာ
ဖက်လုံးတစ်လုံးပဲဖြစ်သည်။
" အားးးအဲ့တာမေချို့ကြောင့်  မေချို့ကိုအရမ်းမုန်း
တာပဲ.. "
" ဘာလို့မုန်းရတာလဲကလေးရယ်..
မေချိုက မမကြီးနှိုးခိုင်းလို့လာနှိုးရတာပါ.. "

" မသိဘူး မသိဘူး..မုန်းတယ်.. မေချိုမကောင်းဘူး.. "
ဟယ်တော့..
" အဟင့်  ဟင့် အနမ်းရဲ့ချယ်ရီသီးလေး.."
မေချိုကနားမလည်စွာကြည့်ပြီး..
" ဒီအချိန်ဘယ်လိုလုပ်ချယ်ရီသီးမှာလည်းခလေး
ရယ်.. " တဲ့...
ဟုတ်ပါရဲ့.. အနမ်းရဲ့ချယ်ရီသီးလေးကအနမ်းကို
ထားပစ်ခဲ့တာတော်တော်ကြာပြီပဲ။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Место, где живут истории. Откройте их для себя