ကိုကြီးရင်ရိပ်တရေးအိပ် ၇😴
အပိုင်း ~ ၇
#ကိုယ့်ထမင်းကိုယ်စားပြီးတုန်နေအောင်ချစ်ပေးနေတာကို..ကိုကြီးကမကျေနပ်ဖူးတဲ့လား🙁
နောက်တနေ့..
ကျောင်းပြီးကတည်းကဘယ်တော့မှစောစောမထတဲ့အနမ်းက ဒီနေ့ကျားသားမိုးကြိုးနဲ့သူ့ကိုစောစောနှိုးပါလို့မှာထားသဖြင့်..မေချိုတစ်ယောက်အခန်းထဲ
၀င်လာရသည်။
" အနမ်းလေး.....အနမ်းလေး.."
ဟင် အင်.....🤤
" ဘယ်နှစ်နာရီရှိပြီလဲ..."
" ၆နာရီခွဲ...."
အိပ်ယာကနေငေါက်ခနဲထထိုင်လိုက်သည်။
" မေချို တမင်လာနိုးတာမဟုတ်ဘူးနော် အနမ်းက
နှိုးပါဆိုလို့..."
" သိတယ်သိတယ် အားဝါးးးမေချို့ကိုအရမ်းချစ်တာပဲ..."
ဟင်😳..စောစောစီးစီးဘာများအစားမှားနေသလဲ
ကုတင်ပေါ်ကနေစွေ့ခနဲခုန်ဆင်းပြီး...
" မေချိုလာအုံးပြစရာရှိတယ်...."
" ဘာလေးလဲ...."
" ဒီမှာ....."
သူဝယ်လာတဲ့ပန်းချီကားကိုထုတ်ပြသည်။အမှန်
တော့အဲ့တာကိုပြနေတာ၁၀ခေါက်လောက်ရှိပြီဖြစ်
သည်။
" လှလား...."
" အင်း ဘယ်လောက်ပေးရတာလဲ..."
" ၈ပုံး...."
" ၈သောင်းလား..."
" အာမေချိုကလည်း ပုံးပါဆိုသိန်းပေါ့...."
" ဒါလေးကို....."
၁ပေသာသာပန်းချီကားဆိုတော့မေချို့အမြင်မှာ
ဈေးကြီးနေရှာမပေါ့....။
" ဒါဘယ်သူဆွဲထားတယ်ထင်လို့လဲ...."
" မသိဘူးလေ...."
" ပီကာဆိုလက်ရာ့လည်းမဟုတ်ဘူး၊ဗားဆင့်ဗင်ဂိုး
လည်းမဟုတ်ဘူး...သူတို့ဆိုရင်တောင်အနမ်းက
၀ယ်မှာမဟုတ်ဘူးလေ..."
" အင်..အဲ့တာဆိုဘယ်သူမို့လို့လဲ..."
" ဘယ်သူဖြစ်ရမှာလဲ အနမ်းရဲ့ကိုကြီးပေါ့.."
ဟင်..မေချိုကပြူးကြောင်ကြည့်နေလျှင်..
" ဘာလဲအံ့သြသွားပြီမို့လား... "
" အဓိပတိကိုပြောနေတာလား..."
" ရှူးတိုး တိုး..ဟုတ်တယ်.. ဒါပေမယ့်မာမီမသိစေ
နဲ့နော်..."
" အနမ်း သူ့တို့ကိုတွေ့ခဲ့တယ်ပေါ့..."
" တွေ့ယုံတင်ဘယ်ကမလဲမေချိုရဲ့..အနမ်းအခု
တတ်နေတဲ့သင်တန်းကလည်းကိုကြီးသင်တာပဲ.."
" ဟယ် အဟုတ်..."
"ဒါနဲ့.. အနမ်းမှာထားတာရပြီလား..."
" ရပါပြီရှင့်..."
" အတော်ပဲ.. အနမ်းရေချိုးတော့မယ်..အ၀တ်ထုတ်ပေးထားနော်..ကိုကြီးဆီသွားမလို့..."
" ဟင် မနက်အစောကြီးကိုလား...."
STAI LEGGENDO
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Storie d'amoreအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...
