ကိုကြီးရင်ရိပ်တရေးအိပ် ၁၈😴
အပိုင်း ~ ၁၈
#မနုဿတို့လောဘမည်သည်။
"ကယ်ကြပါအုံး...ဒီမှာ မီး....မီး....."
အပြင်မှာအနမ်းရဲ့အသံလိုလိုကြားရသည်။ဒါပေမယ့်ဟုတ်မဟုတ်စဉ်းစားနေဖို့သူ့မှာအချိန်မရှိ...
အခန်းတွင်းရှိပန်းချီကားအပိုင်းအစတွေ၊ထောက်တိုင်တွေအားလုံးကမီးလောင်လွယ်တဲ့ပစ္စည်းတွေချည်းပင်...အဲ့အပေါ်မှာဓာတ်ဆီလောင်းထား
တော့မီးကဟုန်းခနဲဟုန်းခနဲတောက်လောင်နေတာ
မို့..ကြမ်းပြင်မှာမီးပင်လယ်လိုဖြစ်နေခဲ့သည်။
ပြတင်းပေါက်နဲ့အနောက်ထွက်ပေါက်တွေအားလုံး
ကိုအပြင်ကနေကြက်ခြေခတ်ရိုက်ထားတာကြောင့်
အကုန်လုံးကအပိတ်ကြီးပင်...သေချာကိုကြိုတင်
ကြံစည်ထားပုံရသည်။
အ၀င်ပေါက်မှာမီးပိုများနေတာကြောင့် အ၀င်ပေါက်ကနေလည်းပြေးထွက်လို့မရပေ။
ကျွန်းသားမို့ပင်လယ်ကိုတောင်လက်ပစ်ကူးနိုင်တယ်ဆိုတဲ့သူက.အခုတော့အခန်းလုံထဲမှာမီးမြိုက်ပြီး
အသတ်ခံရတော့မှာလား။
အသက်ကိုရန်ရှာရလောက်အောင်သူ့ဘယ်သူ့ကိုမှ
အမှားမလုပ်ခဲ့တာသေချာသည်။ဘာလို့လဲ.. ??
အနမ်းသည်အထဲမှာသူရှိတယ်ဆိုတဲ့စိတ်ကြောင့်
အရူးတစ်ပိုင်းလိုဖြစ်ကာ..ပြေးပြေးဝင်ဖို့ကြိုးစား
သည်။
သို့သော်အပေါက်ကနေထွက်ထွက်လာတဲ့မီးအပူ
လုံးကြောင့်သူမ၀င်ရောက်နိုင်ချင်းမရှိပေ။
မီးသတ်ကားကိုဖုန်းဆက်ခေါ်ထားတာမို့..
" ဦးကြီးရယ်မြန်မြန်လာပါ...ရှစ်ကြီးခိုးပါတယ်
အထဲမှာလူပိတ်မိနေလို့ ကယ်ပေးပါရှင်....."
မီးသတ်ကားထက်အရင်ကျောင်းဘက်ကကျောင်းစောင့်တွေပြေးလာကြသည်။
" ဟာ ဘယ်လိုဖြစ်တာလဲ ဒီအိမ်က...."
" ကယ်ကြပါရှင် ကယ်ကြပါ အထဲမှာလူရှိလို့ပါ..."
ဈေးထဲကအစောင့်နဲ့အနောက်ကအိမ်ဝင်းထဲကလူတွေလည်းရောက်လာကြသည်။
အချို့ကမီးသတ်ဆေးဗူးတွေနဲ့ဝိုင်းဖျန်းပေး၊အချို့ကသဲတွေနဲ့ပက်၊ တချို့ကကန်စွန်းခင်းထဲကရေ
တွေခပ်ပက်ပေး...တချို့ကလည်းဖုန်းနဲ့ဓာတ်ပုံရိုက်
တချို့ကလည်းLiveလွှင့်နေကြပေါ့။
ခဏနေတော့မီးသတ်ကားရောက်လာပါ။
ဈေးတွေ၊ကျောင်းတွေရဲ့အလယ်မှာဖြစ်နေတာကြောင့်မီးကူးမှာဆိုး၍သူတို့လည်းစလိုးမိုးရှင်းမလုပ်ပဲ
အမြန်ညှိမ်းသတ်ကြပါသည်။
" အထဲမှာလူရှိတယ် အထဲမှာလူရှိတယ်
အရင်ကယ်ပေးပါ...."
" သေချာလို့လား..ဒါပိတ်ထားတဲ့ဂိုဒေါင်ကြီးပါ.."
" သေချာပါတယ် ကျွန်မယောက်ျားပါ...
ကယ်ပေးပါ....😭"
ပထမဆုံးမျက်မြင်သက်သေမို့မီးသတ်ဗိုလ်ကသူမကိုမေးမြန်းနေသည်။
" ဒါဘယ်နေရာလဲကျွန်မမသိဘူး...ကိုကြီးကိုဖုန်း
ဆက်ပြီးခေါ်လို့သူထွက်သွားတာ...ကျွန်မနောက်
ကနေလိုက်လာတာ...သူအထဲဝင်သွားတာငါးမိနစ်
တောင်မရှိသေးဘူး...မီးထလောင်လာတာ"
YOU ARE READING
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Romanceအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...
