ကိုကြီးရင်ရိပ်တရေးအိပ် {5} unicode

4.9K 144 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၅😴
အပိုင်း ~ ၅

#ဒီသင်တန်းပြီးရင်ကိုကြီးနဲ့မင်္ဂလာဆောင်မယ်။

သင်တန်းပထမဆုံးနေ့...❤️
အနမ်းသည်သူမရဲ့အကြေကောက်ဆံပင်လေးကို
နှစ်ဖက်ခွဲစည်းကာ...သူမရဲ့free styleဖြစ်တဲ့တီ
ရှပ်နဲ့ဂျင်းဘောင်းဘီတွဲ၀တ်ကာ..၊မျက်နှာလေးက
၀င်းမွတ်ကြည်လင်လျှက်ရှိသည်။သူမရဲ့အမူအယာ
ကမကြာခင်မှာငါးကြော်စားခွင့်ရတော့မယ့်ကြောင်
တစ်ကောင်လို သိမ်မွေု့ဖြူစင်လျှက်ရှိသည်။
(😽meowအနမ်းကကိုကြီးကိုစားချင်တာ)

ဒီမှာကိုကြီးတစ်ယောက်ထဲသင်တာမဟုတ်ပေမယ့်
သူဦးစီးပြီးဖွင့်ထားတာဆိုတော့..သင်တန်းစမယ့်
ရက်ကိုတော့သူလာမှာသေချာသည်။
တခြားသင်တန်းသားတွေကလည်းအချင်းချင်းမိတ်
ဆက်ရင်း..ကိုကြီးအကြောင်းပြောနေကြသည်။
သူတို့လည်းကိုကြီးကိုတွေ့ဖို့စိတ်လှုပ်ရှားနေဟန်ရှိ
သည်။ အဲ တွေ့ချင်တဲ့ပုံစံချင်းကမတူတော့လည်း
အနည်းငယ်တော့ခွင့်လွှတ်ရပေမပေါ့။
အနမ်းကိုကြီးက ပန်းချီအကျော်အမော်တစ်ယောက်ပေပဲမဟုတ်လား။
နိုင်ငံခြားသံတမန်တွေတောင်ချီးကျူးအလေးပေး
ဆက်ဆံရတဲ့အဆင့်ဆိုတော့ ဘယ်လောက်အောင်မြင်နေသလဲ စဉ်းစားကြည့်ကြပေါ့။
ဒီသင်တန်းမှာ ဆရာ၃ယောက်သင်သတဲ့။ ကိုကြီး
အပြင်နောက်ထပ်ဆရာမတစ်ယောက်နဲ့ဆရာကြီး
တစ်ယောက်တဲ့။
အိုဘယ်သူဖြစ်ဖြစ်အနမ်းကလည်း တခြားသူသင်
တဲ့ရက်ကြရင်လစ်ဖို့ပါစဉ်းစားထားပြီးသားလေ...

သတ်မှတ်ထားတဲ့သင်တန်းချိန်အတိမှာ..ရောက်
လာပါပြီကိုယ်ရွှေမင်းသား...အဖြူရောင်စပိုစ့်ရှပ်နဲ့
အနက်ရောင်ဘောင်းဘီတွဲ၀တ်ထားပြီး..သူအနားကနေဖြတ်လျှောက်သွားချိန်မှာ ချိုအီအီရေမွေးရနံ့
တစ်ခုက အနမ်းရဲ့နှာသီး၀ထဲတိုး၀င်လာခဲ့သည်။
အဆုတ်ထဲကိုတဝြကီးရှုရှိုက်မိချိန်မှာ.. နှလုံးသား
ကချစ်သူ၏ရနံ့ကိုမှတ်မိသည့်အလား..အပြင်းအ
ထန်တုန်ခါသွားစေခဲ့သည်။

ကိုကြီးကတော့သူမကိုမမြင်သေး။
စတိတ်ပေါ်ရောက်တဲ့အထိတောင်အနမ်းကိုမမြင်ပါ

(အနုပညာဆိုတာအမှန်တရားမဟုတ်၊မုသာဝါဒ
ဖြစ်တယ်။ဒါပေမယ့် ငါတို့ကိုအမှန်တရားနားလည်
လာအောင်သင်ပြပေးတယ်....
                                      ပီကာဆို     )
ဆိုတဲ့စာတန်းကိုဖောင်းကြွစာလုံးနဲ့ရေးပြီးချိတ်ဆွဲ
ထားတဲ့စာတန်းရဲ့အောက်မှာကိုကြီးရပ်လိုက်လျှင်
သင်တန်းသားများနဲ့မျက်နှာချင်းဆိုင်အနေအထား
ဖြစ်သွားပါသည်။
" အားလုံးပဲ မင်္ဂလာပါ...."
သင်တန်းသားအယောက်၃၀ရှိတဲ့အခန်းထဲမှာ
ကိုကြီးအသံကမိုက်ခ်မလိုပါပဲ..ပါဝါမြင့်မြင့်နဲ့
တစ်ခန်းလုံးကိုလွှမ်းခြုံသွားသည်။
" ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ပါရစေ..
ကျွန်တော်က ဒီသင်တန်းကိုဦးစီးဖွင့်လှစ်ထားတဲ့
ပန်းချီအာဒင်ပါ..." တဲ့...
" မဂ္လာပါဆရာ......"

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Dove le storie prendono vita. Scoprilo ora