ကိုကြီးရင်ရိပ်တရေးအိပ် {23} unicode

9.2K 217 0
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၂၃😴
အပိုင်း ~ ၂၃

၄ရက်လောက်နေတော့အနမ်းတစ်ယောက်ခရီးက
ပြန်ရောက်လာပါသည်။ခရီးဆိုတာဝေးဝေးလံလံကို
သွားတာမဟုတ်ပါဘူး...အနမ်းအိမ်ပြန်လာတဲ့နေ့
တုန်းကအိမ်မှာအစ်မ၀မ်းကွဲရောက်နေပါသည်။
အစ်မကပြည်ကပွဲရုံပိုင်ရှင်နဲ့ညားပြီးပြည်မှာအခြေချ
နေတာဖြစ်သည်။
အဲ့တာကြောင့်ရောက်တုန်းရောက်ခိုက်အစ်မက
လိုက်မလားဟုဆိုသဖြင့်စိတ်ပြေလက်ပျောက်ခဏ
လိုက်သွားတာဖြစ်သည်။
သို့သော်ရန်ကုန်ကိုသတိရလို့တပတ်တောင်မနေပဲ
အိမ်ပြန်ပြေးလာခဲ့သည်။

ဒါပေမယ့် ပြည်ကိုသွားပြီးအစ်မရဲ့အိမ်ထောင်ဘ၀
အတွေ့အကြုံတွေကိုလေ့လာခွင့်ရခဲ့ပါသည်။

အစ်မကကလေး၂ယောက်မိခင်ဖြစ်သည်၊အဖေ့ဘက်ကအသိုင်းအဝိုင်းထဲမှာတော့အစ်မက အိမ်ထောင်ကျကံကောင်းတယ်ဆိုတဲ့မိန်းကလေးပေါ့။
သူ့ယောက်ျားကမယူခင်က စိန်ရွှေငွေနဲ့ကြိုက်စျေး
တင်တောင်းခံရတာမို့လေ။ယူပြီးတော့လည်းပွဲရုံပိုင်
ရှင်မိန်းမဖြစ်လာတာကိုး....
ဆိုရှယ်မီဒီယာပေါ်မှာလည်းအမြဲလိုလိုပင်သူတို့လင်
မယားသာယာကြည်နူးပုံရိပ်လေးတွေတင်တတ်တော့ အစ်မဟာအားလုံးစိတ်ထဲမှာတော့ပြီးပြည့်စုံပြီး
လင်ချစ်ခံရတဲ့အိမ်ရှင်မတစ်ယောက်ပေါ့...
အနမ်းသည်ပင်သေမတတ်အားကြခဲ့ဖူးသည်လေ။

သို့သော်မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာတော့
မှန်းချက်နဲ့နှမ်းထွက်ကသိပ်မကိုက်လှ....။
၁...အစ်မဟာတစ်အိမ်လုံးထက်အစောဆုံးထရပြီး
မနက်စာလင်ဖို့၊သားဖို့၊သမီးဖို့ကိုအရင်ဆုံးပြင်ဆင်
ရသည်။ အစ်မအိမ်မှာလက်တို့လက်တောင်းခိုင်းဖို့
ခေါ်ထားတာကဆယ်နှစ်အရွယ်ကလေးမတစ်ယောက်ပဲရှိတယ်.. တကယ်လက်တို့လက်တောင်း
ကလွဲပြီး ကြီးကြီးမားမားတွေအကုန်အစ်မလုပ်ရ
သည်။
၂...စားသောက်ပြီးကျေးဇူးတင်စကားပင်မဆိုကြ
အသီးသီးကိုယ်ဆီကျောင်း၊ပွဲရုံသွားဖို့ပြင်ဆင်ကြ
တုန်း..အစ်မက၀တ်ဖို့အ၀တ်အစားပင်နောက်က
လိုက်ထုတ်ပြင်ဆင်ပေးရသည်။
၃...ကဲသူတို့သွားကြတော့လည်းမပြီးသေး..အခုမှ
အစလို့ပြောရလောက်အောင်မီးဖိုချောင်ထဲပြေး၀င်
ရပြန်သည်။လင်အကြိုက်၊သားသမီးအကြိုက်တစ်
မျိုးဆီလိုက်ချက်ရ..၊ အဲ့လိုနဲ့တမနက်ပြီးရော...
၄...ကျန်တဲ့အိမ်အလုပ်တွေလည်းသူမပါရင်မပြီးပေ။ ဒါတောင်ပွဲရုံကပြန်လာတဲ့ယောက်ျားကတစ်နေ့
လုံးသူမကိုအိမ်မှာအားနေသလိုပုံစံနဲ့ဆက်ဆံသေး
သည်။ယောက်ျားမှမဟုတ်ခလေးတွေကကောပင်..

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Место, где живут истории. Откройте их для себя