ကိုကြီးရင်ရိပ်တရေးအိပ် {20} unicode

9.5K 220 0
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၂၀😴
အပိုင်း ~ ၂၀

နောက်တနေ့မနက်ခင်းကြ၈နာရီမှအိပ်ယာကနေ
နှစ်ယောက်သားလန့်နိုးလာသည်။ကိုကြီးကကျောင်းရှိသေးတာကြောင့် ကမန်းကတမ်းထ၊မျက်နှာ
သစ်သွားတိုက်ပြီးမနက်စာစားဖို့ပြင်ရတော့တာပေါ့။
အတာကအလိုက်သိစွာ..မနက်စာကိုဆီထမင်း၊အီ
ကြာကွေးနဲ့လဘ္ကက်ရည်၊မုန့်ဟင်းခါးကိုသူတို့လင်
မယား၂ယောက်စလုံးအကြိုက်တွေချည်း၀ယ်ပြင်
ပေးထားပါသည်။
စားသောက်နေရင်းယောင်ရမ်းကာသန်းဝေ့မိသော
အခါ...
" နင်တို့ ညကအိပ်မပျော်ကြဘူးလား.. နှစ်ယောက်
စလုံးတဝါးဝါးနဲ့...."
"  ပျော်ပါတယ်..."
" အင်းလေ အိပ်ကောင်းကောင်းနဲ့အိပ်ပျော်နေလို့
အခုအိပ်ယာထတောင်နောက်ကျတာကို..အတာ
ကလည်း..."
" ငါကဒီအတိုင်းမေးလိုက်တာပါ..နင်တို့ကဘာဖြစ်
တာလဲ..."
" ဘာမှမဖြစ်ပါဘူးဆို..."
" ဟုတ်တယ် စားစရာရှိတာ စားပါ..နောက်ကျနေပြီ..."
အံမယ် နှစ်ယောက်ကအတိုင်အဖောက်ညီနေ။

စားသောက်ပြီးမှသူကကျောင်းသွားဖို့ရေတစ်ခါပြန်
ချိုးသည်။မနက်စာစားပြီးမှရေချိုးတတ်တာကကိုကြီးအကျင့်ပါပဲ....။
စားသောက်ပြီးမှရေချိုးရင်ရေဖျင်းဆွဲပြီးနင့်ဗိုက်ကြီး
ပူလာလိမ့်မယ်ဟု..ငယ်ငယ်ကအဖွားတို့၊အစန်းတို့
ကကိုကြီးကိုဝိုင်းပြောကြသေးသည်။အဲ့တုန်းကတော့ကိုကြီးဗိုက်ကြီးပူဖိုး၀ရုပ်ကြီးလိုဖြစ်သွားမှာကို
အနမ်းကြောက်တာပေါ့။ အနမ်းကကထိန်ကဖိုး၀
ရုပ်ကြီးဆိုအရမ်းကြောက်တယ်လေ။
အဲ့လိုဆိုကိုကြီးကဒီလိုပြန်ပြောတယ်..ကျွန်တော်တို့ကျွန်းမှာတော့စားပြီးတာနဲ့ရေထဲဆင်းကြတာပဲ ဘာမှမဖြစ်ဘူးတဲ့။
ဟုတ်သားပဲ..ခုကိုကြီးဗိုက်ကဘယ်မှာပူလို့လဲ..
ဘီယာလည်းသိပ်သောက်တတ်တဲ့လူမဟုတ်တော့ကျစ်လစ်ပြီးအဆီပိုတောင်မရှိ..လုံးဝချောကလက်
bodyပါပဲ..
အနမ်းရဲ့တစ်ဦးတည်းပိုင်ချောကလက်တောင့်ကြီး
လေ...ဟိ🤭...။

သူရေချိုးပြီးအ၀တ်လဲနေတုန်းအနမ်းကအခန်းထဲ
မှာအိပ်ယာခင်းစွပ်ကိုကပြာကယာချွတ်ယူနေသည်။
" ဘာလုပ်နေတာလဲ..."
" အနမ်းလျှော်မလို့..."
" မိုးအေးနေတယ်လေ...နောက်မှလျှော်..."
အပြင်မှာမိုးရွာနေတာကြောင့်သူကမခြောက်မှာစိုး
၍သဘောရိုးနဲ့ပြောလိုက်တာဖြစ်သည်။
" မဖြစ်ဘူး..အခုလျှော်မှ.."
" ဘာလို့လျှော်ချင်တာလဲ..."
ဟာ..ဒီကိုကြီးအတော်ရစ်ပါလား။
အနမ်းကအိပ်ယာခင်းလေးကိုလုံးထွေးပိုက်ထား
လျှက်ကနေ...
" Popping the cherry လေ..မမှတ်မိတော့ဘူးလား" ဟုခေါင်းလေးငုံ့ကာခပ်တိုးတိုးရေရွတ်လိုက်သည်။
သူကအတန်ငယ်စဉ်းစားပြီးနောက်တော့မှပြုံးလိုက်
ကာ..သူမလက်ထဲကအိပ်ယာခင်းကိုယူပြီးဘေးသို့
ချပြီး..
" အတာလစ်မှစက်ထဲထည့်လျှော်လိုက်..အခုရေ
မကိုင်နဲ့အေးတယ်..."
" ဒါဆို မခြောက်ရင်..."
" ညနေကြအသစ်၀ယ်လာခဲ့မယ်..."
" ပြီးတာပဲ မမေ့လာနဲ့အုံးနော်..."
မျက်နှာချင်းဆိုင်ရပ်နေတာမို့သူ့ကြယ်သီးတ၀က်
တပျက်ကိုအနမ်းကပြီးအောင်ဆက်တပ်ပေးနေ
ူသည်။
" မေးစရာရှိသေးတယ်..မင်း ...လေ
မင်း နေလို့ကောင်းရဲ့လား..."
" ဘာတွေလာမေးနေတာလဲ..."😚
" မင်းတစ်ခုခုဖြစ်နေမှာဆိုးလို့..."
ညကအတွက်သူအနမ်းကိုစိတ်ပူနေတာဖြစ်နိုင်သည်။ဒီလိုဆိုတော့လည်းကိုကြီးနှလုံးသားကဖယောင်းအလားပါလား။
" အနမ်း ဘာမှမဖြစ်ပါဘူး..."
" တော်သေးတာပေါ့..."တဲ့။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Место, где живут истории. Откройте их для себя