ကိုကြီးရင်ရိပ်တရေးအိပ် {17} unicode

4.6K 137 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၁၇😴
အပိုင်း ~ ၁၇

#ကိုကြီးကိုတစ်ယောက်ထဲနတ်ပြည်လွှတ်မယ်ထင်နေလား?

ဆရာမရဲ့ဖခင်ကြီးကလည်းအဆုတ်နာနဲ့ပဲကွယ်လွန်တာဖြစ်ပြီး၊ဆရာမကလည်းအဆုတ်ရောဂါအခံရှိ
လို့နဂိုကတည်းကတရှောင်ရှောင်ရယ်။
ခုလည်းချောင်းဟန့်ရင်းသွေးတွေအဆက်မပြတ်ပါ
လာလို့ဆေးရုံတင်လိုက်ရတာဖြစ်သည်။
ဆရာမကအပျိုကြီး၊ပြီးတော့တစ်ယောက်ထဲသမား
ပါ။ဆွေမျိုးညာတကာလည်းမရှိတော့ဘူး။
အဲ့ဒီ့အိမ်ကြီးမှာမြတ်ရယ်၊သူ့အဖေဘထွေးရယ်က
ဆရာမကိုစောင့်ရှောက်ရတာဖြစ်သည်။
ဘထွေးကဆရာမရဲ့ဖခင်ကြီး၏သားတပည့်ဖြစ်ပြီး၊
ဆရာမနဲ့ဆိုဆရာတူတပည့်မောင်နှမလိုဖြစ်ကာ
ငယ်ငယ်ကတည်းကအတူတူနေလာတာဖြစ်သည်။
မြတ်ရဲ့အမေကတော့မရှိတော့ပါဘူး။

" ဘာပဲပြောပြော..ဘထွေးနဲ့နင်ရှိနေလို့တော်သေး
တယ်..."
မြတ်ကလေးဖင့်စွာနဲ့ခေါင်းခါရင်း...
" ဆရာမကဖြစ်လည်းကြိတ်မှိတ်နေတော့.ငါလည်း
မရိတ်မိဘူးလေ။ ဘာပဲဖြစ်ဖြစ်ငါဒီထက်စောစော
သိပြီးဂရုစိုက်ပေးရမှာကို..."
" ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့...
ဆရာမ သက်သာသွားမှာပါ..."

ဒီနေ့အိမ်မပြန်ဖြစ်တော့ပဲဆေးရုံမှာပဲညအိပ်စောင့်
ပေးရမှာမို့...အိမ်ကမဟေသီဆီလှမ်းပြီး...
[ဒီနေ့ဆေးရုံမှာညစောင့်ပေးမှာမို့ပြန်မလာဘူး
မစောင့်နေနဲ့ အိပ်တော့]ဟုစာပို့လိုက်သည်။

သူထသွားကတည်းကနေရာမှာပဲလှဲအိပ်နေတဲ့အ
နမ်းတစ်ပွင့်...အတာကအနမ်းလေးထမင်းစားရ
အောင်ဟုအခန်း၀ကနေလာခေါ်သော်လည်းမစား
ဘူးဟုဆိုကာပေအိပ်နေခဲ့သည်။
ကိုကြီးဆီကနေမက်ဆေ့၀င်လာပါသည်။
ဒီညပြန်မလာဘူးတဲ့...ဒါဖြစ်သင့်မှန်းစိတ်ကသိပေ
မယ့်လူကအလိုလို၀မ်းနည်းလာပြန်သည်။
ခေါင်းအုံးပေါ်မှောက်ကာမျက်ရည်ကတလိမ့်လိမ့်
ကျလာရသည်။

>>>>>>>>>>>>>>>>>>>
နောက်နေ့မနက်မှာဆရာမအတွက်သွေးလိုတယ်
ဆိုလို့..သွေးအုပ်စုကရှားပြီး၊အဓိနဲ့ကြအတူတူပဲမို့
သူလှူမယ်ဟုဆိုတော့...ဆရာမလေးကသွေးလှူ
တဲ့နေရာကိုလွှတ်သည်။
လက်ကနေသွေးထုတ်ထားလို့လှဲနေရတုန်းအနမ်း
တစ်ပွင့်ရောက်ချလာပါသည်။
" ကိုကြီး ...."
၀င်လာတဲ့ပုံစံကအလောကြီးဟန်နဲ့..သူ့ဘေးမှာပြာ
ပြာသလဲ၀င်ထိုင်ကာ...
" ဘယ်လိုနေလဲဟင် နာလား..."🥺
" မနာပါဘူး....ရပါတယ်..."
" ဘာလို့မနာရမှာလဲ အပ်ကြီးကအကြီးကြီးကို..
ကြည့်ပါအုံးကိုကြီးရဲ့သွေးတွေကိုစုပ်ယူနေတာ..
ဒါတောင်မနာပဲနေမလား...."

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Donde viven las historias. Descúbrelo ahora