ကိုကြီးရင်ရိပ်တရေးအိပ် {15} unicode

7.9K 214 1
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၁၅😴
အပိုင်း ~ ၁၅

#လူငယ်တွေကမူးယစ်ဆေးထက်အနမ်းပေးတဲ့
ချဲဂဏန်းကိုစွဲလမ်းနေကြပြီ။

အနမ်းတစ်ပွင့်မှာအခုတလော.သူ့ထက်စိတ်၀င်စား
ရမယ့်အရာရှိနေပါပြီ...အဲ့တာကတော့2D/3Dချဲ
ဂဏန်းပါပဲ။
အတာနဲ့နှစ်ယောက်ပေါင်းကာအိမ်မှာတော်တော်
လောင်းကျော်နေကြပြီ။မနက်လင်းတာနဲ့ချိုင်းစာရွက်ပြေး၀ယ်ပြီးခေါင်းချင်းဆိုင်တွက်ကြတော့တာပဲ။
သူတို့ပြောတဲ့အထဲမှာ ကွမ်ရင်မယ်တော်ကော၊ကို
ရင်လေးဆိုတာကောအပြင်အဘတို့၊ဘိုးတော်လိမ်
၀မ်းချိန်း၊အပြီးပေါက်ဆိုတာကပါသေးသည်။
တစ်ခါတစ်လေရာဇမတ်ကွက်လိုလို၊မဟာဘုတ်တိုင်လိုလိုပါထောင်ပြီးတွက်နေကြတာ..ကျောင်းတုန်း
ကများတော့သင်္ချာတွက်ခိုင်းရင်အိပ်ပြီပဲ။😏

အရင်ကတော့အတာ့ကိုအိမ်စရိတ်တစ်လကိုဆယ်
သိန်းပေးရသည်။အခုတော့သူမပါပါလာပြီမို့.စရိတ်
တိုးကာပေးရတဲ့အပြင်၊သူမအတွက်မုန့်ဖိုးသီးသန့်
ဆယ်သိန်းပေးရပါသည်။
အဲ့တာကိုနှစ်လုံးထီတွေထိုးထိုးပစ်နေတာ..ဒါအထိ
သူလိုက်မပြောချင်။ပြောပြန်ရင်လည်းနှုတ်ခမ်းက
စူထော်လာပြီးကိုကြီးကကိုယ်ယူထားတဲ့မိန်းမကို
တောင်မသထာဘူးဟုလာအုံးမည်။
ဘယ်မှာလဲယောက်ျားတွေအတွက်တရားမျှတမှု။

အနမ်းကကိုယ်တိုင်ထိုးယုံတင်မကလို့..သူများကိုလည်းဂဏန်းလျှောက်ပေးသေးသည်။တော်ကြာ
ပေါက်ရင်ကောင်းရဲ့ မပေါက်ရင်ဘယ်လိုလုပ်မလဲ။
ခက်တယ်။

ဒီနေ့လည်းနိုးနိုးချင်းမှာဒင်းလေးကနံနက်စာကိုနန်းကြီးသုပ်စားချင်လိုက်တာကိုကြီးရယ်ဟုတယ်ဆိုသ
ဖြင့်၊အတာ့ကိုခိုင်းရင်လည်းမကောင်းလို့သူကိုယ်တိုင်ထွက်၀ယ်ပေးရသည်။
ဒါကသူမဖာသာလည်းသွား၀ယ်စားတတ်ပါတယ်..
တစ်လမ်းလုံးအပြင်တစ်ရပ်ကွက်လုံးတောင်သူမနဲ့
ရင်းနှီးနေလောက်ပြီ။ သူမဖာသာပျင်းတာနဲ့သူ့ကို
အလိုလိုက်မလားဟုသွေးတိုးစမ်းခြင်းသာဖြစ်သည်။
ဘယ်တတ်နိူင်မလဲယူထားမိတော့ချိုင့်ဆွဲပြီးပြေး
၀ယ်ရတော့တာပေါ့။
" အဒေါ် နန်းကြီးသုပ်၂ပွဲ..."
" သြော် ဆရာလေးပါလား၊ကတော်ကောမပါဘူး
လား..."
" အခုမှနိုးပြီး..ဒါစားချင်တယ်ဆိုလို့ဗျ..."
" ဆရာကတော်လေးကကံကောင်းလိုက်တာနော်..
ဒါနဲ့လေ..အဒေါ်ဆိုင်လေးအရင်းပြုတ်လို့မထွက်ရ
တာကြာပြီသိလား...ဆရာကတော်လေးချဲဂဏန်း
ပေးမှ...ပဲ...."

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Where stories live. Discover now