ကိုကြီးရင်ရိပ်တရေးအိပ် ၂၂😴
အပိုင်း ~ ၂၂
အတာကလည်းအခန်းထဲ၀င်ပြီးငို..ကိုကြီးကလည်း
အခန်းထဲ၀င်ပြီးကုတင်ပေါ်မှာပက်လက်လန်လှဲရင်း
နှဖူးပေါ်လက်တင်ကာ..အနမ်းကိုတောင်ဘာစကား
မှမပြောချေ။ညစာလည်းစားဖို့ဘယ်သူမှသတိမရပဲ
တစ်အိမ်လုံးတိတ်ဆိတ်ကာငြိမ်သက်နေပါသည်။
အနမ်းသည်အတာနဲ့ကိုစိန်သောင်းကိုနဲနဲတော့ရိပ်
မိထားပေမယ့်..သူတို့ချင်းလုံးဝြကိုက်နေကြပြီဟု
တော့မထင်ထားပါ။
တကယ်ကြိုက်တယ်ဆိုရင်လည်းသူမကLGBT
ထောက်ခံသူတစ်ယောက်မို့သဘောတူနိုင်ပါတယ်။
အဓိကတော့ကိုကြီးပဲ..အခုတောင်တော်တော်စိတ်
တိုနေတာ.. ဟူးးး ဘယ်လိုလုပ်ရမလဲ။
တစ်အိမ်လုံးအမှောင်ချထားပြီး..အတာလည်းလူး
လှိမ့်ကာငိုနေရ..မျက်ရည်တွေကကုန်လည်းမကုန်
နိုင်တော့ပေ။ သြော် အသက်ကသာလေးဆယ်ကျော်ဆိုပေမယ့်အချစ်ကတော့နုနုထွတ်ထွတ်လေး
ရယ်...။ရည်းစားထားတာမိဘရိပ်မိသွားတဲ့သမီးက
ညှာလေးလိုလူမှာရင်ပူမီးတောက်နေရသည်။
" အတာ....အတာ့ ...ရေ......."
ဟင်..နားထဲမှာတောင်စိန်သောင်းအသံတွေကြား
နေရပြီ..သူတကယ်ရူးနေချေပြီ။
" အတာ....အတာ...ထွက်လာပါ...."
ဟဲ့...မဟုတ်သေးဘူး...ဒါအိမ်ရှေ့ကနေလတ်လတ်ဆတ်ဆတ်ခေါ်နေတဲ့အသံ..အဲ့ စိန်သောင်း ဒင်း
ရူးများနေပြီလား...
ညကြီးမိုးချုပ်..အိမ်ကဒေါသကုမ္မာရကိုမကြောက်မ
လန့်နဲ့အိမ်ရှေ့မှာလာအော်နေရသလား။
" အတာ...ရေ...ထွက်လာပါဗျာ...."
" ဟဲ့ စိန်သောင်း ရူးတိုးတိုးနင်ဘယ်လိုဖြစ်လာတာ
လဲ..."
အတာကအမှောင်ထဲကနေထွက်လာကာခြံ၀မှာ
တံခါးသွားဖွင့်ရင်းပြောလိုက်သည်။
" အတာ...အတာ..."
ဆိုပြီး..စိန်သောင်းကအတာ့ကိုပြေးဖက်...
" ဟဲ့ နင်..နင်အရက်တွေသောက်လာတယ်ဟုတ်
လား..."
" နဲနဲပါးပါးပါ..."
" ဘာနဲနဲပါးပါးလဲ...."
" အတာ... အတာ..ကျုပ်နောက်ကိုလိုက်ခဲ့ပါနော်"
" ဟဲ့ ဘယ်ဖြစ်မလဲ..."
" အတာပဲ ကျုပ်ကိုချစ်တယ်ဆို..."
" ဟဲ့ စိန်သောင်းနင်မူးနေရင်ပြန်လိုက်တော့သွား
မနက်ကြမှလာခဲ့..."
" မပြန်ဘူး..မပြန်ဘူး...အတာ့ကိုလာခေါ်တာ...
ဆရာကကျုပ်တို့ကိုသဘောမတူဘူးဆိုရင်...
အတာကျုပ်နောက်သာ လိုက်ခဲ့ပါတော့.."
" ဘယ်ဖြစ်မလဲ စိန်သောင်းရယ်...."
" ဘာလို့မဖြစ်ရမှာလဲဗျာ...ဆရာ.....ဆရာသဘောမတူရင်အတာ့ကိုကျုပ်ခေါ်သွားပြီနော်..."
ဟဲ့ အမလေး...
အတာ့မှာမူးနေတဲ့စိန်သောင်းပါးစပ်ကိုဘယ်လိုမှ
အုပ်မရပေ။ တဖက်မှာလည်းအနမ်းတစ်ယောက်
ကကိုစိန်သောင်းအသံကြားကတည်းကလှုပ်လှုပ်ရှ
ားရှားဖြစ်လာတဲ့ကိုကြီးကို ဒီမှာအတင်းတတ်ဖိထား
ရတာ...ကိုစိန်သောင်းကအသံပြဲကြီးနဲ့အော်နေတော့ဒီမှာထိန်းမရတော့ဘူး။
ВЫ ЧИТАЕТЕ
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Любовные романыအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...
