ကိုကြီးရင်ရိပ်တရေးအိပ် {9} unicode

3.8K 140 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၉😴
အပိုင်း ~ ၉

အနမ်းကိုဒီသင်တန်းပြီးအောင်မတတ်ခိုင်းရင်ဒီမင်္ဂလာပွဲဆိုတာလည်းမရှိစေရဘူးတဲ့....။
ရိုက်သတ်ဖို့သာကောင်းတဲ့ကလေးမပဲ...
ဗိုက်အနာခံမွေးပြီးဒီအရွယ်အထိကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့မိဘကျေးဇူးကို..ဒီလိုနည်းလမ်းနဲ့ပြန်
ဆပ်တာလား..အမလေးဒီလိုမှန်းသိညည်းကိုမွေးမယ့်အစားခွေးတစ်ကောင်မွေးခဲ့ပါတယ်အေ...။

အနမ်းတစ်ပွင့်ရဲ့ခေါင်းမာမှုကြောင့်ဒေါ်အလွမ်းခက်
ခက်ဒေါသထွက်၍မဆုံးနိုင်ပေ။မင်္ဂလာပွဲကလည်း
ပျက်လို့မဖြစ်ပေ..ယောကျာ်းမသိအောင်ဖဲကြွေးယူဆပ်လိုက်ရတဲ့တင်တောင်းကြေးတွေကြောင့်ဖြစ်
သည်။

အို!အနမ်းတစ်ပွင့်မှမဟုတ်သူ့အဖေကိုလင်းမြတ်
ကကောဘာထူးသေးလဲ?စိတ်တိုင်းကျစရာတစ်ကွက်မှမရှိပေ။
လုပ်ငန်းတွေကလွန်ခဲ့တဲ့၁၅နှစ်ကထက်အများကြီး
တိုးတတ်မလာပေ။အရင်ကလယ်ဗယ်တူခိုင်ခိုင်တို့
နီလာတို့ဖြင့်သူတို့လင်တွေကစက်ရုံကြီးတွေ၊ကုန်
တိုက်ကြီးတွေတောင်ဖွင့်နိုင်ပြီလေ။
ဟိုကောင်မတွေများလူကိုမြင်ရင်မြောက်ကြွကြွနဲ့
သူဌေးကတော်ဟန်ပန်အပြည့်..မိမိမှာတော့သုံးချင်
တိုင်းတောင်သုံးခွင့်မရပေ။
ယောက်ျားကသုံးမရလို့ သားမက်နဲ့စန်းတင်မယ်ဆို
ကာမှသမီးကဂဂျောင်လုပ်သည်။
ဟူးးးစီးကရက်ကိုဖွာရှိူက်ရှင်းဒီသမီးသူ့အစီအမံကို
နာခံလာအောင်ဘယ်လိုလုပ်ရပါ့ စဉ်းစားခန်းထုတ်
နေခဲ့သည်။
" ဟဲ့မေချို..."
" ရှင့်မမကြီး..."
" ငါ့သမီးကော..."
" အခန်းထဲမှာပဲရှိနေပါတယ် မမကြီး..."
" ငါအပြင်သွားစရာရှိလို့ ညည်းသူ့ကိုစောင့်ကြည့်
ထားလိုက်ဘယ်မှမသွားစေနဲ့..."
" ရှင် ဟုတ်...ဟုတ်"

ဒေါ်အလွမ်းခက်ခက်သည်သူ့သမီးမနိုင်စိန်ထက်စာ
ရင်အဓိပတိဖွားကိုသွားရောက်ဖျောင်းဖျခိုင်းတာက
ပိုတော်မည်ဟုစဉ်းစားမိသည်။ ကျွန်းသားကလည်း
နဂိုကတည်းကမာနခပ်ကြီးကြီးဆိုတော့နဲနဲလမ်း
ကြောင်းပြရင်ဟိုခလေးမကိုကန်ထုတ်ပစ်မှာပဲ။
ကြိုက်စရာရှားလို့ဟယ်တကယ်ပဲ..ယောက်ျားရွေးတတ်တဲ့အမြင်ကိုမရှိဘူး။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Tempat cerita menjadi hidup. Temukan sekarang