ကိုကြီးရင်ရိပ်တရေးအိပ် {8} unicode

7.1K 202 1
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၈😴
အပိုင်း ~ ၈

#အနမ်းရဲ့ချစ်မေတ္တာတွေကပေါက္ခရဝဿမိုးလိုပဲ
ကိုကြီးတစ်ယောက်ထဲကိုပဲကွက်ကြားပြီးရွာတတ်
တာပါနော်။🙁

သူအမြန်ပြေးလာတော့..အတာ့ကိုအနမ်းကအထူး
ကုဆေးခန်းကနေတောင်ပြန်ခေါ်လာပြီဖြစ်သည်။
ခြေထောက်မှာပတ်တီးအဖွေးသားနဲ့မို့...
" ဘာဖြစ်တာလဲ....."
" အတာစျေးထွက်၀ယ်တုန်း နောက်ကကားနဲ့တိုက်ပြီးပြေးသွားတာတဲ့..."

စျေး၀ယ်တယ်ဆိုရင်စိန်သောင်းကိုခေါ်သွားနေကြ.
ပြီးတော့တစ်ပတ်မှတစ်ခါပဲ၀ယ်တာ..အခုဟာကသူ့ဟာသူဘယ်နတ်ကတော်ဆီချဲဂဏန်းသွားတွက်
ရင်းဖြစ်မှန်းမသိ..။အဓိလည်းမဆူပူချင်တော့လို့စိတ်ပျက်လက်ပျက်နဲ့ဆိုဖာပေါ်ထိုင်ချလိုက်ပြီး...

" အခု ဆေးရုံကဘာတဲ့လဲ..."
" ခြေထောက်ကကျိုးတော့မကျိုးဘူး..ဒါပေမယ့်
ပတ်တီးတော့ကိုင်ထားရမယ်တဲ့..ဒီမှာဓာတ်မှန်..."

" အတာ နာနေသေးလားဟင် လာအခန်းထဲအထိ
ပို့ပေးမယ်နော်..."
" အင်းပါ အနမ်းလေး..."
သူ့ကိုအတာကမျက်နှာငယ်လေးနဲ့လှမ်းကြည့်သေး
သည်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲဟုတွေးကာ သူဘာ
မှအားမပေးမိ။

အတာ့ကိုအခန်းထဲမှာလှဲအိပ်ခိုင်းကာ...
"ဒီရက်ပိုင်းဆရာ၀န်မှာသလိုလှုပ်လှုပ်ရှားရှားမလုပ်
ရဘူး..လုပ်စရာရှိရင်အနမ်းကိုခိုင်း..အနမ်း အတာ့
နားမှာနေပေးမယ်သိလား...."

အနမ်းကအားပေးသည်။
သူတို့ပြောသမျှသူအကုန်ကြားနေရသည်။
အနမ်းတစ်ပွင့်ကဒီလိုဆိုတော့လည်းလူကြီးဆန်သေးတာပဲဟုတွေးမိသည်။ဒါပေမယ့် မချီးကျူးရဲ။

အတာ့ခြေထောက်အဲ့လိုဖြစ်သွားတော့..လတ်တ
လောသူတို့စားဖို့သောက်ဖို့ကိစ္စကို..အနမ်းတစ်ပွင့်
ကတာ၀န်ယူကာချိုင့်ဆွဲမှာပေးပါသည်။
အ၀တ်တွေကိုလည်းပင်မင်းဆိုင်အပ်ပေးပေါ့။
အိမ်း ဒီလောက်လုပ်တတ်တာတောင်ကံကောင်း
ပြီဟုဆိုရမည်။

နေ့တိုင်းလာပြီးအတာ့ကိုစောင့်ပေးသည်။
ဒါပေမယ့် ၂ယောက်ထဲလည်းစိတ်မချရလို့သူပါအိမ်ပြန်ကပ်ပြီး..ခပ်လှမ်းလှမ်းကနေစောင့်ကြည့်ပေး
နေရပါသည်။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Donde viven las historias. Descúbrelo ahora