ကိုကြီးရင်ရိပ်တရေးအိပ် {24} END unicode

12.2K 281 6
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၂၄😴ဇတ်သိမ်း
အပိုင်း ~ ၂၄

သူအနမ်းကိုဆယ်ယူပြီးချိန်မှာနောက်ကလိုက်လာ
တဲ့လှေတစ်စီးကလည်းအနားရောက်လာသည်။

" မိန်းကလေးကိုတွေ့ပြီလား..."
" ဟုတ်တယ် မရီးကိုတွေ့ပြီ... ဖိုးစီကိုမတွေ့သေး
ဘူး..လှေကတော့မြုပ်သွားပြီထင်တယ်..."
" ဒါဆို မိန်းကလေးကိုခေါ်ပြီးပြန်ကြ..ပြန်ကြ..
ကျုပ်တို့တော့ဖိုးစီကိုဆက်ရှာလိုက်အုံးမယ်...."

သူ့ညီကလှေကိုမုန်တိုင်းလွတ်ရာသို့နှင်ပြီးသူတို့ကို
ခေါ်လာခဲ့သည်။အဓိကပင်လယ်ထဲမုန်တိုင်းကိုမတွေ့စဖူးတွေ့လိုက်ရလို့အခုထိကြောက်လန့်နေဆဲ
ဖြစ်တဲ့အနမ်းကိုရင်ခွင်ထဲထွေးပိုက်ရင်းလိုက်လာခဲ့
သည်။
ကမ်းပေါ်ကစောင့်နေကြသူများ...
" ဟိုမှာ ဟိုမှာသူတို့လာနေပြီ..."
" အစ်မလေး...အစ်မလေးပါလာတယ်...."
သူ့ခယ်ခလေးကအော်ဟစ်ပြီးလှေဆီပြေးလာပါ
သည်။
သူကအနမ်းကိုပွေ့ချီပြီးအိမ်အထိခေါ်လာကာအ၀တ်လဲပေးပြီးနွေးနွေးထွေးထွေးဖြစ်အောင်ထား
သည်။
" အစ်မလေး အရမ်းလန့်သွားမှာပဲ...ကျွန်မသွေး
ဆေးလေးဖျော်လိုက်အုံးမယ်..."
" နေအုံး..သူ့ကိုစွတ်တိုက်လို့မဖြစ်ဘူး..."
" သြော် ဟုတ် ..အစ်ကိုလေး..."
" ဆန်ပြုတ်ပြုတ်တက်တယ်မှတ်လား..."
" ဟုတ် ပြုတ်တတ်ပါတယ်..."
" အဲ့တာလေးလုပ်ပေးနိုင်မလား..."
"  ရတာပေါ့ အစ်ကိုလေးရယ်...
ကျွန်မ ကြက်သွား၀ယ်လိုက်အုံးမယ်နော်...."

အဓိကသူ့ခယ်ခနောက်လိုက်ပြီး တိုးတိုးတိတ်တိတ်
လှမ်းပြောသည်။
" သူမြင်အောင်မလုပ်နဲ့နော်..."
" စိတ်ချပါ...."
သူတို့ဆီမှာတော့ဒီမှာလိုအသင့်စားကိုစီးတီးမတ်က
နေ၀ယ်လို့မရဘူးလေ..လိုချင်ရင်တော့သတ်ရမှာ
ပဲ။ဒါကြောင့်ပါ။
ခယ်မလေးထွက်သွားတော့မှအနမ်းနားကိုသူပြန်
လာထိုင်ကြည့်သည်။မျက်နှာကိုအနီးကပ်ငုံ့ကြည့်ကာ...
" မင်းဘာလို့ဒီလောက်တောင်မိုက်ရူးရဲဆန်ရတာ
လဲ..."
အနမ်းကအဖျားတွေတတ်ပြီးနှစ်ရက်လုံးဖျားသည်။
ကြောက်ဖျားဖျားကာကယောင်ကတမ်းတွေလဲပြောနေတာကြောင့်.သူ့မှာအနားကလုံး၀မခွာရပေ။
မုန်တိုင်းငြိမ်တာနဲ့ဆေးမှူးကိုသွားပင့်ပြီးဆေးထိုးပေးထားရသည်။
သုံးရက်လောက်နေမှအဖျားကျသွားသည်။
ဖိုးစီကိစ္စကော၊အနမ်းဖျားတာကြောင့်ကောသူ့မှာ
သုံးရက်လုံးလုံးအတော်လေးစိတ်ထိခိုက်ပင်ပန်းခဲ့
ရသည်။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Tempat cerita menjadi hidup. Temukan sekarang