ကိုကြီးရင်ရိပ်တရေးအိပ် {14} unicode

4.3K 136 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၁၄😴
အပိုင်း ~ ၁၄

#တံငါနားနီးတံငါ အတာနားနီးအတာ....

အတာကဟင်းချက်နေသဖြင့်အနမ်းကနောက်မှာ
ဟင်းရွက်တွေဘာတွေခြွေပြီးကူရှုပ်ပေးနေပါသည်။
ကူရှုပ်တယ်လို့ပြောရတာက..အကူအညီမရပဲအရွက်ကိုအရင့်အနုမခွဲပဲအကုန်လုံးထိုင်ခြွေပစ်နေတာ
ကြောင့်ဖြစ်သည်။
" အနမ်းလေးရတယ်အတာ့ဖာသာလုပ်မယ်ထားခဲ့
သွား..ဖုန်းသွားဆော့နေ..."
" ဟင့်အင်း မဆော့ချင်ပါဘူးပျင်းတယ်..
ဒါနဲ့..ကိုကြီးကထမင်းပြန်စားမှာလား အတာ"
" ဟင် ..ပြောမသွားဘူးလား...."
" သူလားပြောမှာ.... ☹️
အတာ့တူကသူများပြောတာကြနားထောင်ပြီး၊အနမ်းကသေလောက်တဲ့အပြစ်လုပ်ထားတာကြနေတာပဲ..သူကချေမိုးနေတာ.."

" အဓိတစ်ယောက်နဲ့လည်းခက်ပါတယ်.အလကား
မဟုတ်တဲ့နေရာမှာမာနကြီးပြနေတာ..
ခိုးပြေးတုန်းကတော့သူပဲသဘောကျနေပြီး..."
" ဟင် ဟုတ်လို့လား အတာ.."
" အဟုတ်ပေါ့... ကျုပ်ဆီဖုန်းလှမ်းဆက်တုန်းက
တော့တတ်တတ်ကြွကြွစိတ်လိုလက်ရနဲ့ပါနော်..
အခုမှ ဘာထကောက်မှန်းမသိ...."

" အဲ့တာပြောတာပေါ့..ကိုကြီးမမိုက်ဘူး..."
ထိုစဉ်..ကတော်..ကတော်နဲ့အိမ်နောက်ဖေးတံခါး
ကနေကြက်မကြီးကပြေး၀င်လာကာ..နောက်က
ကြက်ဖကပါလိုက်လာသည်။အနမ်းထိုင်ခြွေထား
သောဟင်းရွက်ဇကာနားလာပြီးနှစ်ကောင်အပြိုင်
ခွပ်လိုက်ကြတာ..အရွက်တွေကိုပွပွပလဲသွားသည်။
" ဟဲ့ အမလေး... ရှူး ရှူးးး..."
ဘယ်လိုမှမောင်းလို့မရ..ရေနဲ့ပက်တောင်မရ..
အသေအလဲခွပ်နေကြသဖြင့်..။အနမ်းနဲ့အတာမှာ
ထမင်းစားပွဲကအုပ်ဆောင်းယူပြီးတစ်ကောင်ကိုအုပ်ဖမ်းကာတစ်ကောင်ကိုမောင်းထုတ်လိုက်ရပါသည်။
"အမလေးဟယ် ..အမွေးတွေတောင်ကုန်ပြီ .
တကယ်ပဲ..စိန်သောင်းလာရင်တော့ဒီကြက်မလေးကိုပြန်ယူသွားခိုင်းရတော့မှာပဲ..."
" သူတို့က လင်မယားမဟုတ်ဘူးလား အတာ..
ဘာလို့ခွပ်ကြတာပဲ..."
" သိပါဘူးအေ..အစကနတ်ကတော်မစိုးကြီးဆီက
ကြက်သားပေါက်လေးတွေ၀ယ်ထားတာ..အကောင်၂၀မှာ၃ကောင်အဖက်တင်တယ်.အဖလေးတွေပဲ
ကျန်တဲ့နှစ်ကောင်ကတလောကမှရှေ့ဆင့်နောက်
ဆင့်သေသွားလို့..သူတစ်ကောင်ထဲကျန်နေတာ..

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Wo Geschichten leben. Entdecke jetzt