ကိုကြီးရင်ရိပ်တရေးအိပ် {21} unicode

5K 144 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် 😴၂၁

အပိုင်း - ၂၁

ဒီနေ့တော့သူ့ကျောင်းအချိန်ဇယားမရှိ။သင်တန်းကလည်းမြတ်ကထွက်သွားတာကြောင့်..လက်ရှိသင်တန်းတွေကိုအပြီးသတ်နေကာ အသစ်ထပ်လက်မခံသေးတာကြောင့်..သူအားသည်။
အမှန်တော့ပန်းချီသွားဆွဲဖို့ကောင်းပေမယ့်..သူ့မိန်းမနောက်ကလိုက်လာရင်အာရုံမရ
နိုင်တဲ့အတွက်အိမ်မှာပဲအပြည့်အ၀သာနားလိုက်တာကောင်းမည်ဟုစဉ်းစားတာကြောင့်ဖြစ်သည်။

လုံး၀စိတ်ကိုအနားပေးအိပ်လိုက်တော့နှစ်ယောက်သား၉နာရီမှနိုးကြသည်။

" ဒုက္ခပါပဲ ဒီချိန်ဆိုစားစရာမုန့်သည်တွေကုန်ပြီ... ဘယ်လိုလုပ်ကြမလဲဟင် ကိုကြီး..."
" မိန်းမမဟုတ်ဘူးလား..၀ယ်လို့မရရင်ကိုယ့်ဖာသာပြင်ပေါ့... သွား..."
" လိုက်မကူပေးဘူးလား...."

" ဟင့်အင်း....."
" နဲနဲလောက်လေးသင်ပေးရင်...."
" လုံး၀ပဲ...."

ဟင့်.." အနမ်းကဘာမှမလုပ်တတ်တာသိရဲ့သားနဲ့..."
" အိမ်ရောက်တာဘယ်နှစ်လရှိပြီလဲ အတာ့ဆီသင်မထားဘူးလား..."
" အတာ ကအနမ်းလုပ်မယ်ဆိုဘယ်တော့မှမခိုင်းဘူး..."
" ဒါဆို စိတ်ကူးရှိရာလုပ်ကြည့်..ရည်းစားထား
တာလောက်တောင်မခက်ပါဘူး..."

" ဘာလို့အဲ့အကြောင်းကပါလာတာလဲ....
အင်းပါ သွားလုပ်လိုက်အုံးမယ်ခဏစောင့်...."
" အိုကေ...."

အနမ်းထွက်သွားမှအနားကမဂ္ဂဇင်းတစ်အုပ်ကောက်ယူပြီးဖတ်နေလိုက်သည်။ ရည်းစား၁၂ယောက်တောင်ထားခဲ့တာပဲ..ခလေးမှမဟုတ်တာ။ ဒီနေ့တော့မိန်းမချက်တာစားပြီးအေးဆေးအနားယူရမယ် relax....

ထိုစဉ်...မီးဖိုချောင်ဘက်မှနေ...
ခွမ်းး....
"ဟ ဘာတွေကွဲကုန်တာလဲမသိဘူး..."

ဒုန်းးး...နောက်ထပ်ကကြီးကြီးမားမားအရာ၀တ္တုတစ်ခုပြုတ်ကြသံကြောင့်..ကုတင်ပေါ်ကလူတောင်တုန်သွားသည်။ ဘုရား...
အခန်း၀ထိထွက်ကာ..

" ဟေး မင်းမနက်စာပြင်နေတာလား...မီးဖိုခန်း
ကိုဖျက်နေတာလား...."ဟု လှမ်းအော်လိုက်လျှင်..

" ဘာမှမဖြစ်ဘူးကိုကြီး...အတာထားခဲ့တာတွေရှာမတွေ့လို့..ရှာရင်းခုနကမိုက်ခရိုဝေ့အောက်ပြုတ်ကြသွားတာ... တော်သေးတယ်ဘာမှမဖြစ်ဘူး."တဲ့

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Tempat cerita menjadi hidup. Temukan sekarang