ကိုကြီးရင်ရိပ်တရေးအိပ် ၁၁😴
အပိုင်း ~ ၁၁
#အနမ်းကဥဿာလှိုင်ထိပ်ထားကလေးများအလား🥰
ဘောက်ထော်ကအနမ်းရဲ့အိမ် ....
မင်္ဂလာဆောင်ရက်ကနီးနေပြီမို့...ဟိုဖိတ်ဒီဖိတ်လုပ်ရတာနဲ့အ၀တ်အစားချုပ်ရ..တခြားပြင်ဆင်ရနဲ့မို့
ဒေါ်အလွမ်းခက်ခက်နဲ့သူ့သမက်လောင်းဟာမအား
မလပ်ရှိနေကြသည်။
အနမ်းကတော့နဂိုကတည်းက လုပ်ချင်တာသာလုပ်ကြဆိုပြီးသူတို့နဲ့ပါမလာတာမို့...ဘာမှတိုင်ပင်ဖော်မရပေ။
" အမလေးနောက်မှ သူ့အမေစီစဉ်ပေးတဲ့မင်္ဂလာဆောင်ဘယ်လောက်ခမ်းနားတယ်ဆိုတာသူသိလာ
မှာ..အလကားခလေးမ မဟုတ်တဲ့နေရာဆိုသိပ်ဂျစ်တိုက်တာ..မောင်ထက်ရဲ့..."
" ဟုတ်ကဲ့...သိပါတယ်ဗျာ အဲ့တာကိုကသူ့ရဲ့ဆွဲ
ဆောင်မှုပါပဲ..."
" အဟင်း ဟင်း မင်းမလည်းငါ့သမီးဘာလုပ်လုပ်
သဘောကျနေတော့တာပဲ..."
ဒီနေ့လည်းအနမ်းအတွက်လက်၀တ်ရတနာတွေလာပို့တာမို့..ဒေါ်အလွမ်းခက်ခက်ကတစ်ခုချင်းဆီ
ထုတ်ကြည့်ပြီးအားရကျေနပ်နေကာ...
" ညစာကိုတော့အိမ်မှာပဲ စားပြီးမှပြန်နော်မောင်ထက်...
ဟဲ့မချို..အနမ်းကိုသွားခေါ်ခဲ့.."
" ဟို မမကြီး ကျွန်မခေါ်ပြီးပါပြီ ဒါပေမယ့်အနမ်းက
သူအိပ်ချင်တယ်လာမနှိုးနဲ့လို့ပြောနေလို့ပါ..."
" ဟဲ့ ဒါအိပ်ချိန်လား တနေကုန်တနေခမ်းကိုအိပ်
နေတာကိုများ..သွား ပြန်ခေါ်ချေ..
အခုဆင်းလာခဲ့လို့...."
" ဟုတ် ...ဟုတ်...."
မေချိုကအနမ်းရဲ့အခန်းထဲကို၀င်လာပြီး..ကုတင်
ပေါ်မှာစောင်ခြုံကွေးနေတဲ့အနမ်းအား..
" အနမ်းလေး မမကြီးကခေါ်နေတယ်
ထမင်းစားဖို့တဲ့ ..." 🙂
" အနမ်းကိုလာမနှိုးနဲ့နော် ၊အနမ်းဘာမှမစားချင်ဘူး၊ အနမ်းအိပ်ချင်တယ်...လာမနှိုးနဲ့...."
" ဒါပေမယ့် အိပ်တာကတနေကုန်ဖြစ်နေပြီလေ
ခလေးရယ်..အခုညစာစားချိန်ရောက်နေပြီ ထနော်"
💢
ချက်ချင်းပြန်မဖြေသေး... ၂မိနစ်လောက်ကြာမှ..
" အနမ်းကိုလာမနှိုးနဲ့နော် ၊အနမ်းဘာမှမစားချင်ဘူး၊ အနမ်းအိပ်ချင်တယ်...လာမနှိုးနဲ့...."
ဟင်?...
" မဟုတ်ဘူးလေ ခလေးရဲ့.. မမကြီးကခေါ်နေတာ
ထမှဖြစ်မှာ... "
💢
" အနမ်းကိုလာမနှိုးနဲ့နော် ၊အနမ်းဘာမှမစားချင်ဘူး၊ အနမ်းအိပ်ချင်တယ်...လာမနှိုးနဲ့...."
ВЫ ЧИТАЕТЕ
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Любовные романыအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...
