ကိုကြီးရင်ရိပ်တရေးအိပ် ၁၆😴
အပိုင်း ~ ၁၆" ဒီပုံစံကြီးနဲ့အနမ်းအပြင်မထွက်ရဲဘူး ရှက်တယ်
အတာ့ကိုလည်းပြန်မပြောပါနဲ့နော်ကိုကြီး..."🥺အမြဲတမ်းဖလန်းဖလန်းကိုထနေတဲ့အနမ်းတစ်ပွင့်
တစ်ယောက်အခုအခန်းပြင်ကိုတောင်မထွက်ရဲဘူး
ဆိုတော့..တော်တော်မျက်စိနှောက်သက်သာနေ
တော့မှာပဲ။
" သင်တန်းကိုမလိုက်ဘူးလား၊ပြခန်းကိုကော
အနော်တို့တွေစောင့်နေတယ်လေ...."
" ကိုကြီးလူညစ်ကြီး...."
" ဟား ဟ...."
😡ဟင်းနော်....
" ကောင်းပြီ၊ကောင်းပြီ ...အနာမရင်းအောင်ဆေး
သောက်၊တနေ့ဆေးကို၃ကြိမ်လူးရင်တစ်ပတ်အတွင်းပျောက်တယ်။ မျောက်လိုကုတ်ဖဲ့မနေနဲ့...
အ၀တ်ကိုလည်းပါးပါးပဲ၀တ်..အပူငုတ်ပြီးဖျားမယ်"အနာကိုရှေ့တန်းတင်ပြီးတအီအီနဲ့သူ့ကိုဂျီကျနေလို့..အပြင်မထွက်ဖြစ်တော့ပဲသူမကိုချော့သိပ်ရင်း
သူပါဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ပါ။
ပြန်နိုးလာတော့နေ့လည်၁၂နာရီကျော်ပြီ...အနမ်း
ကတော့အိပ်ကောင်းတုန်းမို့ သူပဲထပြီးအပြင်ထွက်
လာလျှင်...
" သြော် အဓိ နိုးပြီလား.. ထမင်းစားတော့မလား
အနမ်းကော..."
" အိပ်နေတယ်... "
" နှိုးလိုက်လေ တစ်ခါထဲလက်ဆုံစားရအောင်"
" နေပါစေ...သူထလာမှာမဟုတ်ဘူး..."အဟင်း...
" ကျွန်တော်ဗိုက်ဆာနေပြီ၊ကျွန်တော်အရင်စားပြီး
မှသူ့ကိုယူသွားပေးလိုက်မယ်..."
" သြော် အေး အေး...."
သူကစားပွဲမှာ၀င်ထိုင်လိုက်လျှင်အတာကဟင်းထမင်းတွေချပေးနေသည်။
" ဟင်းပွဲတွေကများလိုက်တာ...ဒါနဲ့ပြောရအုံးမယ်
အတာ ဒီရက်ပိုင်းအညှော်သိပ်မလုပ်ပါနဲ့...
သူအနာဖြစ်နေတယ်..."
" သြော် အနာဖြစ်သွားတာလား...."" ဟုတ်တယ်အဲ့တာကြောင့် အတာ့ကိုပါရှက်ပြီးအပြင်မထွက်ရဲဘူးဖြစ်နေတယ်..."
" ဟယ် ငါ့ကိုဘာလို့ရှက်တာလဲ ငါသိပြီးသားပါ
ဒါသဘာ၀ပဲကို..."
" ဟုတ်တယ်ဗျာ သူရှက်ချင်တာကြဇွတ်ကိုရှက်နေတော့တာပဲ...အဲ့တာကြောင့် အတာလည်းမသိချင်ယောင်ဆောင်နေပေးပါ..."
" အေးပါ အေးပါ..ဒါအစမို့ပါငါနားလည်ပါတယ်..."တစ်ယောက်တစ်မျိုးကိုယ့်အတွေးနဲ့ကိုယ်နားလည်
နေခဲ့ကြပြီး...
" ရော့ ရော့ နင်လည်းအားရှိတာများများစားပေး
အစားအသောက်ဂျီးမများနဲ့..."
အတာတစ်ယောက်ကမြေးလိုချင်စိတ်နဲ့သူ့တူလေး
ကိုရှယ်ကျွေးနေရှာသည်။
သြော် ကိုယ်ကမိန်းမလျှာလေလင်ယူသားမွေးမှ
မလုပ်နိုင်တော့..ကိုယ့်တူကိုယ့်သားမွေးတာလေးကိုထိန်းရကျောင်းရချည်သေးရဲ့ပေါ့။
>>>>>>>>>>>>>>>>>>>>>>>>>>>
အနမ်းကမျက်နှာပေါ်ကရေကျောက်လုံးဝပျောက်
သွားတော့မှပဲအခန်းအပြင်ကိုထွက်ပါတော့သည်။
ESTÁS LEYENDO
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Romanceအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...