ကိုကြီးရင်ရိပ်တရေးအိပ် {12} unicode

7.4K 198 0
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၁၂😴
အပိုင်း ~ ၁၂

#ရွှေကျမ်းသစ္စာ မသွေတမ်းချစ်မှာ
ပစ်မခွာအနှစ်တစ်ရာ ရှစ်ကမ္ဘာမကပါ။

အဓိပတိဖွားအနေနဲ့အရင်ဆုံး မျက်နှာပူစွာနဲ့ရင်ဆိုင်ရတာဆရာမ မခင်မှီကိုပါပဲ။ဘယ်နေရာမဆိုဆရာ
မကသူ့ကိုသားတပည့်ဆိုပြီးပွဲထုတ်ပေးခဲ့ပေမယ့်..
သူကမကြာမှီကပဲဆရာမစကားကိုဆန့်ကျင်ကာအခုလိုလောလောလတ်လတ်အနမ်းနဲ့ဖြစ်သွားတော့.
ဆရာမကိုကော၊မြတ်ကိုကောသူအားနာလှသည်။

အနမ်းကိုအိမ်မှာထားပြီးသူတစ်ယောက်ထဲဆရာမ
ကိုအရင်သွားတွေ့သည်။
ဆရာမကအားလုံးသိပြီးသားမို့..သူအများကြီးရှင်း
ပြစရာမလိုပဲ...
" ကျွန်တော် လက်ထပ်ပြီးပါပြီ..ဆရာမ..." ဟုသာ
အသိပေးလိုက်သည်။
ူသူကဆိုဖာခုံမှာထိုင်နေပေမယ့်..ဆရာမကအနွေး
ထည်ပါးပါးလေး၀တ်ကာပြတင်းပေါက်နားမှာရပ်နေရင်းအဝေးကိုမျှော်ကြည့်ကာ...
" မိန်းကလေးဘက်ကအမျိုးသမီးကိုသဘောမကျ
ဘူး..သူတို့ကမင်းကိုအထင်သေးလွန်းတယ်၊
အနုပညာကိုလည်းနားလည်မယ့်ပုံမပေါ်ဘူးး၊
ဒါကြောင့်အနုပညာသမားကိုလည်းနားလည်နိူင်မှာ
မဟုတ်ဘူး.....
ပြီးတော့မင်းသိရဲ့လားမပြောတတ်ပေမယ့်ငွေကြေး
အရှုပ်အရှင်းလည်းမကင်းဘူး .."

" ဆရာမကအဲ့တာတွေအထိပါသိနေတာလား"
" ဘာပဲဖြစ်ဖြစ်မင်းယောက္ခမဖြစ်လာမယ့်သူပဲလေ
..မင်းကငါ့သားတပည့်၊သူကသမီးရှင်ဆိုငါတို့ဘက်
ကသားရှင်ပဲ...."
" ကျွန်တော်အရင်ကအဲ့အိမ်မှာနေခဲ့တာကြောင့်..
သူကျွန်တော့်အပေါ်အမြင်မပြောင်းနိုင်သေးတာပါ..."

"အင်းလေ ဘာပဲဖြစ်ဖြစ် ကံပါရင်တော့ရှောင်လို့မရဘူးပေါ့. အဲ့အိမ်နဲ့မင်းကရေစက်ပါနေတာကိုး...
ဒါနဲ့ ဘာဖြစ်လို့ ကောင်မလေးကိုခေါ်မလာတာလဲ"

" အဲ့တာက......"
"ငါတစ်ခုခုပြောလိုက်မှာကိုစိုးရိမ်လို့လား...."
" မဟုတ်ပါဘူးဆရာမ...သူကအသက်ထက်ပိုပြီးခလေးဆန်ဆန်နေတော့..ဆရာမကိုရိုင်းပြသလိုဖြစ်မှာစိုးလို့ပါ။
နောက်တစ်ခါလာရင်ခေါ်ခဲ့ပါ့မယ်...."
" လက်ထပ်ပြီးသွားရင် မိဘအိမ်ကအလိုလိုက်ခံရ
တဲ့သမီးလေးမဟုတ်တော့ဘူး...
သူလည်းပြုပြင်သင့်တာပြုပြင်ရမှာပေါ့၊ အတာက
လည်းဒါကိုဆုံးမပေးနိုင်မယ်မထင်ဘူး..
မင်းအတွက်တော့ရင်လေးပါရဲ့..."

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Место, где живут истории. Откройте их для себя