ကိုကြီးရင်ရိပ်တရေးအိပ် {3} unicode

5.4K 184 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၃😴
အပိုင်း ~ ၃

#တမာရွက်ပြုတ်ရည်သောက်လို့များ ကိုကြီးအသဲ
ကခါးတာလားလေ💚။....

"အခုထိလည်းမထူးခြားပါလား.. "
အကြားအမြင်ဆရာမပြောတဲ့အတိုင်းခြံ၀မှာဖယောင်းတိုင်ထွန်းပြီးစောင့်ခဲ့တာဒီနေ့ဆိုတပတ်ပြည့်ပြီ
ဖြစ်သည်။
" အမေ အမေ့အကြားအမြင်ဆရာမကဟုတ်ကော
ဟုတ်ကဲ့လား၊ မဖြစ်နိုင်တာတွေပြောနေထဲကလိုက်
မလုပ်သင့်တာ.. "

" ညည်းကလည်းအေ ဒီနေ့မှတပတ်ပြည့်တာမှတ်
လား၊ စောင့်ကြည့်ပါအုံး..
ဟဲ့ နင်တို့ဖယောင်းတိုင်ကိုကောသေချာစောင့်ကြည့်ရဲ့လား.. "
" စောင့်ကြည့်ပါတယ် မေမေကြီးရဲ့.. "
" ညကဘယ်သူအလှည့်ကြလည်း.. "
" မစန်းပါ.."
" ဟဲ့ ဒီလောက်အအိပ်မက်တဲ့အစန်းကိုတစ်ယောက်ထဲစောင့်ခိုင်းရလား၊ သူအိပ်ပျော်နေရင်ဘယ်လို
လုပ်မလဲ.. "

" ကျွန်မမအိပ်ပါဘူး မေမေကြီးရဲ့.. "
"အိမ်မှာလူတွေအများကြီးနဲ့ကို ၂ယောက်စောင့်
တော့ဘာဖြစ်မှာမို့လဲ.. ညည်းတို့နှယ့်အေ
ဖယောင်းတိုင်ကမီးငြိမ်းလို့မဖြစ်ဘူးလို့ပြောတယ်
လေ။ နင်တို့ပေါ့လျော့လို့များ ယကြာပျက်သွားလားမသိဘူး.."

ယောက္ခမဖြစ်သူမှာသူ့အကြားအမြင်ဆရာမကို
အလွန်ယုံသူဖြစ်၍.. ကာကွယ်ပြောဆိုနေတာကို
ကလေးကိုထမင်းကျွေးနေတဲ့အလွမ်းခက်ခက်က
မဲ့ရွဲ့ပြနေသည်။ အလကားတလွဲထောက်ခံသူတွေ.
ဒီလိုလူတွေရှိလို့လဲလွယ်လွယ်လေးလိမ်စားကြတာ..

ဒီတစ်ပတ်အတွင်းအမှတ်မထင်အိမ်ကိုရောက်လာ
သူထဲမှာ အနမ်းလေးရဲ့ကျောင်းကသူငယ်ချင်းတစ်
ယောက်ရဲ့အစ်ကိုဖြစ်သူကောင်လေးတစ်ယောက်
သာရှိသည်။ သူ့ညီမလေးနဲ့အတူအလည်လာတာဖြစ်၍ အဲ့ကလေးများဖြစ်နေမလားဆိုပြီး ဘာနေ့သား
လဲမေးကြည့်တော့..
တနင်္လာဆိုတော့ မဟုတ်သေး...

>>>>>>>>>>>>>>>>>
ရန်ကုန်မြို့ထဲမှာ တဝဲ၀ဲလည်နေတဲ့ကျွန်းသားတူရီး
၂ယောက်...
ဗိုက်ထဲကလည်းတကျုတ်ကျုတ်နဲ့အလွန်ဆာလောင်နေပြီဖြစ်သည်။ လက်ထဲမှာလည်းတစ်ပြားမှမရှိ။
လူတွေဆီကအကူအညီထက် ဘုန်းကြီးကျောင်း
တစ်ခုခုမှာ တည်းခိုဖို့အကူအညီတောင်းတာပို
ကောင်းမည်ဟုယူဆတာကြောင့်၊ဘုန်းကြီးကျောင်း
လိုက်ရှာခဲ့သည်။
သို့သော် သူတို့ရောက်တာဆွမ်းစားချိန်ကျော်ပြီမို့
တံခါးပိတ်ထားသောကျောင်း၀န်းများသာတွေ့ရ
သည်။
" တို့ဆီမှာလိုမဟုတ်ဘူးနော်.. "
" ဒါကရန်ကုန်လေ.."
" ရန်ကုန်ဆိုတော့ ရန်ကုန်အထာပေါ့နော်..အဓိ "
" အခုလိုအတာ အရမ်းကြိုက်တဲ့ရန်ကုန်ကိုရောက်
တော့ပျော်ရဲ့လား.. "
" နင်ကလည်း..ပင်လယ်လူသားမဟုတ်တဲ့အတိုင်း
ပဲ.."
" ဘာဖြစ်တယ်.... "
"ပင်လယ်မှာငါးဖမ်းရင်တောင်စိတ်ရှည်ရှည်နဲ့
စောင့်ရတာပဲလေ အဓိရယ်.. "
" အဲ့မှာခင်ဗျားပဲရှည်..
ဘယ်လောက်စိတ်ရှည်ရှည်နဲ့ထိုင်စောင့်လည်း
အကြွေတစ်ပြားမှတောင်ကျလာမှာမဟုတ်ဘူး"

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Dove le storie prendono vita. Scoprilo ora