ကိုကြီးရင်ရိပ်တရေးအိပ် ၁၀😴
အပိုင်း ~ ၁၀
" ဘာ......"
သူမရဲ့တောင်းဆိုမှုကြောင့်အဓိပတိအံ့အားသင့်သွားခဲ့ရသည်။
" ငါ..အခုကျောင်းသွားရမှာမြင်တဲ့အတိုင်းပဲ..
မင်းနဲ့ မကစားပေးနိုင်သေးဘူး..."
" အနမ်းကနောက်နေတယ်လို့ထင်နေတာလား...
ဒီနေ့တစ်ရက်အချိန်ပေးယုံနဲ့ကိုကြီးဘ၀အတွက်
အမှိုက်ထုပ်ကြီးကို တစ်ခါထဲရှင်းနိူင်မှာကိုမလိုချင်
ဘူးလား..."
" အနမ်း......"
" ပြောလေ...."
" အခု မင်းလုပ်ခဲ့တာတွေကိုဘယ်တော့လည်းမပြောနိုင်ပေမယ့်၊တနေ့နေ့တစ်ချိန်ချိန်မှာမင်းနောင်တရနေလိမ့်မယ်...."
" ကိုကြီးနဲ့ပတ်သတ်တာမှန်သမျှ..အစကနေအဆုံး
အထိဘယ်တော့မှနောင်တမရဘူးဘူး..
နောက်လည်းရမှာမဟုတ်ဘူး...."
သူကအနမ်းကိုအကြာကြီးငေးစိုက်ကြည့်နေခဲ့သည်
၊ပြီးမှ...
" ကောင်းပြီလေ....." 😑
>>>>>>>>>>>>>>>>>>
" မင်းဘာလုပ်ချင်လဲ..စဉ်းစားထားပြီးသားမှတ်လား"
" အရင်ဆုံးအနေနဲ့ရုပ်ရှင်ကြည့်ချင်တယ်..."
ဒီတနေ့လုံးအနမ်းဖြစ်ချင်တာလိုက်လျောပေးဖို့ဆုံး
ဖြတ်ပြီးမှတော့...
တက္ကသိုလ်အစားရုပ်ရှင်ရုံမှာမနက်ပိုင်းပွဲကြည့်ဖို့ထွက်လာခဲ့သည်။
သူ့ဆိုင်ကယ်နဲ့ပဲသွားကြတာမို့..ရောက်တော့သူက
လက်မှတ်အရင်၀င်၀ယ်သည်။
သူကအခုမှပိုစတာကိုကြည့်ကာ..သဲထိတ်ရင်ဖိုအက်ရှင်ကားကြီးဖြစ်နေလို့...
" ဒီကားမင်းကြိုက်မှာမဟုတ်ဘူး..တခြားရုံသွား
မလား..." ဟုဆိုသည်။
" အနမ်းကခလေးမဟုတ်တော့ပါဘူး၊ ဒါမျိူးတွေ
လည်းကြည့်ပါတယ်..."
" ပြီးတာပဲလေ.. နောက်မှရုံထဲထမအော်နဲ့နော်"
သူကမုန့်ဆိုင်မှာမုန့်၀င်၀ယ်သည်။သူ့ဖာသာရွေး
၀ယ်ပြီးအနမ်းကိုပြကာ..
" ဒါတွေတော့ကြိုက်သေးတယ်မှတ်လား"တဲ့။
အနမ်းငယ်ငယ်ကကြိုက်ခဲ့တာမှန်သမျှ ကိုကြီးကအကုန်မှတ်မိနေရဲ့သားနဲ့..ဘာလို့များအနမ်းကိုကြ
တော့မေ့ပစ်ချင်နေလဲမသိပါ။
ကိုကြီးမှာနှလုံးသားများမွေးကတည်းကပါမလာလို့
လား။
၁၀နှစ်ကျော်ကြာပြီးမှ..အခုလိုကိုကြီးနဲ့အတူရုပ်ရှင်
ပြန်ကြည့်ခွင့်ရတာ။ အနမ်းကျောင်းတတ်တုန်းက
ရည်းစားတွေထားခဲ့ပေမယ့်..သူတို့နဲ့ဘယ်တော့မှ
ရုပ်ရှင်အတူမကြည့်ခဲ့ပါ။
ငယ်ငယ်ကဆိုဇတ်ကားအသစ်လဲတိုင်းအမြဲရောက်
တာမို့..ဒီရုံထဲမှာကိုကြီးနဲ့အတူထားတဲ့အမှတ်တရ
တွေကအများကြီးရယ်။
ကြည့်ပါအုံး.......
ကိုကြီးတောသာကြီးကနိုင်ငံတော်သီချင်းလာရင်အ
ခုထိမတ်တပ်ထရပ်တုန်းပဲ...။
ВЫ ЧИТАЕТЕ
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Любовные романыအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...
