ကိုကြီးရင်ရိပ်တရေးအိပ် {4} unicode

8.9K 242 1
                                        

ကိုကြီးရင်ရိပ်တရေးအိပ် ၄😴

#🍎Appleအမှတ်နဲ့ကိုက်မိတာပါကိုကြီးရယ်..

အပိုင်း ~ ၄

"အနမ်းလေးကဘာသိချင်တာလဲ......"
" ကိုကြီးကဘာလုပ်တယ်၊ဘယ်မှာနေတယ်...
ဘယ်နေရာတွေသွားတတ်တယ်...စသဖြင့်ပေါ့..."

အနမ်းသည်Gymသို့ပြန်လာပြီး၀ဏ္ဏအားစစ်ကြော
မေးမြန်းနေချင်းပင်ဖြစ်သည်။
" ဒါကို အစ်ကိုကဘယ်လိုလုပ်သိမှာလဲ..အနမ်းရဲ့
အဲ့ကောင်ကိုဒီအတိုင်းသနားလို့အလုပ်ပေးထားရုံပါ..." 🤔
" မဖြစ်နိုင်တာ..တကယ်ထရိန်နင်ဆရာသာဆို
ကိုကြီးကနေ့တိုင်းဒီကိုလာရမှာပေါ့...
မညာပါနဲ့ အစ်ကိုကြီးရယ်..အနမ်းကိုကြီးကိုရှာနေ
တာတော်တော်ကြာပါပြီ...."
" ဘာလို့များအဲ့လိုကောင်ကိုလိုက်ရှာနေရတာလဲ...
ဘယ်လိုကြည့်ကြည့် နှစ်ယောက်ကမလိုက်ဖက်ပါ
ဘူး....
အဲ့လိုကောင်အကြောင်းစုံစမ်းမယ့်အစား အစ်ကို
တို့လိုကြင်နာတတ်တဲ့...."

" တော် တန် တိတ်....
ကိုကြီးအကြောင်းပြောမှာလားမပြောဘူးလား"
အနမ်းသည်စိတ်မရှည်ချင်တော့မှာ..ကိုယ့်ကိုဖွန်
ကြောင်ချင်နေတာသိရဲ့သားနဲ့တောင်..ကိုကြီးအ
ကြောင်းသိရအောင်ကြိတ်မှိတ်ပြီးချိုပြနေတာကို..
မြက်နုဝါးချင်တဲ့ဒင်းကြီးက..နဲနဲလေးမှထုတ်မပြော။

လည်ပင်းကနေကိုင်ဆောင့်ပြီး..ကိုကြီးဘယ်မှာလဲ
ပြောစမ်း..ပြောစမ်းဆိုပြီး..ဂျပန်ခေတ်ကကင်ပေ
တိုင်လိုနိပ်စက်ပြီးသာမေးလိုက်ချင်တော့သည်။
ဟင်းးးးနော်....
စိတ်လျှော့အနမ်းလေး..နင့်ချယ်ရီသီးလေးရဲ့အမြှီး
မြင်နေရပြီလမ်းစပျောက်လို့မဖြစ်ဘူး....။

" အဟင့် ဟင့်....ဟီး...."
အနမ်းရုတ်တရက်ထငိုလိုက်လျှင်...
" ဟာ မငိုပါနဲ့...တိတ်ပါနော်..အစ်ကိုဘာမှမလုပ်
ဖူးလေ...။ဒီကောင်ကမပြောခိုင်းလို့ပါအနမ်းရယ်
ပြောရင်အစ်ကိုသေမှာ..."
" အနမ်း ကိုကြီးကိုရှာနေတာဘယ်လောက်တောင်
ကြာပြီလဲသိလားဟင်...အဟင့်"
😯
" ဆယ်နှစ်လေ ဆယ်နှစ်တောင်ရှိသွားပြီ..."
" ဒါဆို ဒီကောင်ကတော်တော်ဆိုးတာပဲ..."
" ကိုကြီးကဆိုးတာမဟုတ်ပါဘူး..အနမ်းမေမေ
ကြောင့်ပါ...
အခုကိုကြီးအကြောင်းပြောလို့ရပြီလားဟင်..."🥺

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Donde viven las historias. Descúbrelo ahora