ကိုကြီးရင်ရိပ်တရေးအိပ် {2} unicode

10.9K 258 0
                                        

ကိုကြီးရင်ရိပ် တရေးအိပ် ..၂😴

Part 2. ..
အနမ်းနဲ့ကိုကြီးရဲ့ဇတ်လမ်းလေးကလည်း ၊ နတ်
သမီးပုံပြင်တွေလိုပဲ One upon a timeဆိုပြီး
စတင်ခဲ့တာပေါ့ရှင်.
#တချို့သောတိုက်ဆိုင်မှုများသည်တစ်စုံတစ်ယောက်က တမင်တကာဖန်တီးလုပ်ယူထားခြင်းမျိုးပဲဖြစ်သည်။

အပိုင်း ~ ၂
လွန်ခဲ့သော ၁၅နှစ်ခန့်ကပေါ့...

အဟွတ်... အဟွတ်....
အနီရောင်မျက်နှာကျက်နဲ့ ညို့မှိုင်းနေသောအခန်း
ထဲမှာ ဘေးပတ်လည်မှာဖယောင်းတိုင်မီးများထွန်းညှိထား၍သာ တစ်ယောက်နဲ့တစ်ယောက်သဲသဲကွဲ
ကွဲမြင်နေရတာဖြစ်သည်။
ထွန်းထားတဲ့အမွေးတိုင်မှ မီးခိုးငွေ့များကလေထွက်ပေါက်နဲသောအခန်းတွင်းမှာလှောင်ပိတ်နေ၍
အသက်ရှူရပင်ကျပ်လှသည်။

ဗေဒင်ဟောခန်းဟုပြောသော်လည်း စိတ်ညစ်ညူး
စရာပင်ကောင်းနေသည်။
အလွမ်းခက်ခက် အတွက်သမီးဖြစ်သူအရေးကြောင့်သာမဟုတ်ရင် ဒီလိုနေရာကိုယောင်လို့ပင်ခြေဦး
လှည့်မှာမဟုတ်....
သူမရှေ့မှာထိုင်နေသော ညိုမှိုင်းမှိုင်းအ၀တ်နှင့်ပုတီးစေ့ကြီးနဲ့ပုတီးတစ်ကုံးဆွဲထားပြီးဆံပင်များဖြူစွတ်နေသော အကြားအမြင်ဆရာမကြီးမှ သမီးဖြစ်
သူ၏ဓာတ်ပုံကိုကြည့်ကာ ခေါင်းတခါခါနဲ့ဘာတွေရွတ်ဖတ်နေမှန်းမသိပါ..

အနားက ယောက္ခမဖြစ်သူကတော့လက်အုပ်တချီ
ချီနဲ့... ဒီအကြားအမြင်ဆရာမကိုလည်းအလွန်ယုံ
ုကြည်သူဖြစ်သည်။
သူမကိုလည်း လက်အုပ်ချီထားဖို့မျက်ရိပ်ပြသည်။
အကြားအမြင်ဆရာမ က ဓာတ်စီးနေတာဟုလည်း
တိုးတိုးပြောသေးသည်။

အတန်ငယ်ကြာသောအခါ.. အကြားအမြင်ဆရာမမှရုတ်တရက် သူရွတ်ဖတ်နေတာကိုရပ်ပြီး
မျက်လုံးများဖြတ်ခနဲဖွင့်ကာတစ်စုံတစ်ရာထိတ်လန့်ဟန်ဖြင့်....

" မကောင်းဘူး... "
" ရှင်.. ဆရာမကြီး.. ဘာကိုမကောင်းတာပါလဲ"
ယောက္ခမ လုပ်သူက ပြာပြာသလဲမေးလိုက်သည်။

" နင်တို့မိသားစုမှာ မျိုးဆက်ပြတ်ကိန်းမြင်တယ်"
" ဘုရားရေ! "
အလွမ်းမျက်နှာတင်းမှုန်သွားသည်။ သမီးလေး
ကျန်းမာရေးမကောင်းလို့ ဗေဒင်လာမေးကာမှ...
" မျိုး မျိုးဆက်ပြတ်မယ်ဆိုတာဘာကိုဆိုလိုတာပါလဲ.
ဧကန်န ကျွန်မရဲ့မြေးမလေးမှာတစ်ခုခု"

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Where stories live. Discover now