‼️⚠️ကိုကြီးရင်ရိပ်တရေးအိပ် ၁၉😴
အပိုင်း ~ ၁၉
#ယနေ့မှစ နှစ်တစ်ရာချည်မည်။
ခြေထောက်ကမီးလောင်ဒဏ်ရာ၊ခေါင်ပေါ်တတ်စဉ်
အွပ်ကြွပ်နဲ့သွပ်ပြားရှလို့ရထားတဲ့ဒဏ်ရာတွေ၊ကန်
စွန်းခင်းထဲခုန်ဆင်းချိန်ကရထားတဲ့ဒဏ်ရာတွေ...
အဲ့တာတွေအားလုံးထဲမှာမှ အဖြစ်အပျက်တွေအား
လုံးနောက်ကွယ်ကအမှန်တရားကပေးတဲ့ဒဏ်ရာ
ကအဆိုးဆုံးဖြစ်ပြီး။
ယခုထိဆေးရုံပေါ်မှာဆဲရှိနေဆဲဖြစ်ကာ..လူကညညဆိုအိပ်မပျော်နိုင်ပဲ..မျက်တွင်းကဟောက်ပက်နဲ့
ဖြစ်နေသည်။
အနမ်းလည်းသူ့ကိုကြည့်ပြီးသနားနေရသည်။
" ကိုကြီး မအိပ်သေးဘူးလားဟင်..."
" အင်း....."
" နေ့လည်ကလည်းတရေးမမအိပ်ဘူး..အနားယူမှ
ဖြစ်မှာကို...ခဏနော် အနမ်းဆရာ၀န်ကိုပြောပြီး
အိပ်ဆေးပေးခိုင်းမယ်...."
သူကထသွားမယ့်အနမ်းလက်ကိုဖမ်းဆွဲထားကာ..
" ဟင့်အင်း...မလိုဘူး....."
" ဒါပေမယ့်ကိုကြီးလုံး၀မအိပ်နိုင်ရင်သက်သာမှာ
မဟုတ်ဘူးလေ၊ အခုတောင်မျက်ကွင်းတွေညိုနေပြီ"
" မင်းလည်းအတူတူပဲ မအိပ်ဘူးမှတ်လား..."
" အနမ်းကနေကောင်းတယ်လေ ကိုကြီးလူနာ..."
" ကိုယ့်ခြေထောက်ကမီးလောင်ဒဏ်ရာတွေက
ကြည့်ရဆိုးနေလား..."
" နောက်ကျရင်ပျောက်သွားမှာပါဆို..."
" အမာရွတ်ကြီးတော့ကျန်ခဲ့မှာပေါ့..."
" လုံး၀မကျန်ခဲ့စေရဘူး အနမ်းကိုယုံလိုက်..."
ပြောပြီးမှအနမ်းသည်အတွေးတစ်ခုပေါက်ကာ...
"နေပါအုံး ကိုကြီးအခုထိမအိပ်သေးတာက..အမာ
ရွတ်အကြောင်းတွေးနေတာလား ..ငါခြေထောက်
တော့ကြည့်ရဆိုးပါပြီဆိုပြီး..."
![](https://img.wattpad.com/cover/300338959-288-k151478.jpg)
ESTÁS LEYENDO
ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)
Romanceအနမ်းတစ်ပွင့်ဆိုတဲ့ကောင်မလေးငယ်ငယ်ကနေမကောင်းအရမ်းဖြစ်လို့ ခမည်းအဖြစ် ကိုကြီးနဲ့လက်ထပ်ပေးစားခံရတယ်...။ သူမကိုကအိမ်ကသဘောတူသူနဲ့ပေးစားခါနီးမှာ ၁၀နစ်ကြာဝေးကွာခဲ့တဲ့ကိုကြီးကိုပြန်လည်တွေ့ရှိခဲ့တယ်။ ပြန်တွေ့ချိန်မှာကိုကြီးကပန်းချီဆရာတစ်ယောက်ဖြစ်နေ...။ အနမ်...