2011,March1
"သား အပြင်တွေလျှောက်မသွားနဲ့တော့နော်၊ဒီနေ့ သားကိုဂိုက်လုပ်ပေးဖို့ လင်းထင်လေး လာမှာနော်"စက်ဘီးယူရင်း အပြင်ထွက်မယ့်ခြေလှမ်းတွေက မာတာမိခင်ရဲ့ စကားကြောင့်တွန့်ခနဲ
လင်းထင်လေးဆိုတာ မာမီတို့ထောက်ပံ့နေကျ မိဘမဲ့ဂေဟာက မာမီ့အချစ်ဆုံး လူလိမ္မာလေး
ခုထိ အပြင်မှာမဆုံဖူးသေးပေမယ့် မာမီ့ရဲ့ ချီးမွမ်းခန်းဖွင့်မှုတွေကြောင့် ရင်းနှီးနေရတဲ့သူ။
လင်းထင်လေးက သိပ်တော်တာ
လင်းထင်လေးက မာနလည်းသိပ်ကြီးတာ
ဘယ်သူ့အကူအညီမှမပါဘဲ သူ့အားကိုကိုးပြီး ကြိုးစားတာ
၁၀တန်းအောင်ကတည်းက ဂိုက်လုပ်ရင်း သူ့ဘာသူ ကျောင်းတက်နိုင်အောင် ကြိုးစားတာ၊ခု မာစတာရောက်တဲ့အထိပဲ
စသဖြင့် ချီးမွမ်းခန်းမျိုးစုံဟာ ဂေဟာက ပြန်လာပြီတိုင်း ဒယ်ဒီ့ကိုပြောပြတတ်တဲ့ လင်းထင်ရောင်ဘုန်းတော်ဘွဲ့တွေပါပဲ။"မာမီ့လင်းထင်က ညနေ၆နာရီမှ လာမှာမလား
သား စက်ဘီးတစ်ပါတ်စီးပြီး ပြန်လာမှာပါ""သားနော် ဆရာလို့ခေါ်၊ဘာ လင်းထင်လဲ"
လင်းထင်ရောဂါရနေတဲ့ မာမီ့ကို ဘာမှမပြောနေတော့၊ပြိုင်ဘီးမှာ အသင့်တပ်ထားတဲ့ တံခါးရီမုဒ်နဲ့ တံခါးမကြီးကို အနည်းငယ်ဖွင့်လို့ ထွက်ခဲ့လိုက်တော့တယ်။
လမ်းတစ်ခုလုံးကို အမိုးအကာအဖြစ် လုပ်ပေးထားတဲ့ ပိတောက်ပင်အိုကြီးတွေကြောင့် နွေဦးတို့လမ်းဟာ အမြဲ အေးမြနေတတ်တာ။ဒီလို မတ်လနွေဦးပေါက်စရာသီရဲ့ ညနေခင်းတွေဆို လေတဖြူးဖြူးနဲ့ စက်ဘီးနင်းလို့ သိပ်ကောင်းတာမျိုး။ဒီလို နွေဦးရာသီရဲ့ တနင်္ဂနွေမနက်ခင်းတစ်ခုမှာ လောကထဲကို ရောက်လာတဲ့ ကျနော့်ကို မာမီက နွေဦးလို့ အမြတ်တနိုးအမည်ပေးခဲ့တယ်။ဒယ်ဒီ့ကရင်မျိုးရိုးနာမည် 'စော'ကို ရှေ့ကထည့်ထားတာမို့ ကျနော့်နာမည်က စောနွေဦးလို့ ဖြစ်လာခဲ့တယ်။
သုဝဏ္ဏဗိုလ်ချုပ်ရွာဟာ ကျနော်ကြီးပြင်းရာ နေရာတစ်ခုဖြစ်လာပြီး ညနေတိုင်း စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲကို ပတ်လေ့ရှိတာက ငယ်ငယ်ကတည်းက ဒယ်ဒီကျင့်ပေးထားတဲ့ အလေ့အကျင့်။ကျနော်ငယ်ငယ်ကတည်းက ဒယ်ဒီနဲ့အတူ ဘန်ကောက်နဲ့ရန်ကုန်ကို အကူးအသန်းလုပ်လေ့ရှိပြီး အတန်းကြီးလာတဲ့နောက် မာမီီက ဒယ်ဒီ့နောက် အလိုက်မခံတော့။
Privateကျောင်း တက်ခိုင်းလို့မရတဲ့ ကျနော့်က TTCမှာပဲ ကျောင်းတက်လာတာ ခု ၉တန်းတက်ရမယ့်နှစ်ကို ရောက်လာတာပါပဲ။
၉တန်းမို့ ၁၀တန်းအတွက်အခြေခံ၊အရေးကြီးတယ်ဆိုပြီး မာမီက သူ့ရဲ့ အထင်ကြီးရတဲ့ လင်းထင်ရောင်ဆိုသူကို ဂိုက်လုပ်ဖို့ ပြင်တော့တာ ဒီနေ့ကို ရောက်လာတော့တာပဲ။
YOU ARE READING
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomanceStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung