"အဟင့်...ဒယ်ဒီ့ကိုခေါ်ပေး အဟင့်အဟင့်"
"ဒယ်ဒီ မနက်ဖြန်ဆို ပြန်လာတော့မှာလေ သားရဲ့
ပြီးတော့ အခုချိန်ဆို ဒယ်ဒီက အစည်းအဝေးခန်းထဲ ရောက်နေမှာ၊ဖုန်းခေါ်လို့ မရဘူးလေ သားရဲ့ နော်""အင့်...ဒယ်ဒီ့ကိုလွမ်းနေပြီ"
"အေးပါ သားရယ်၊ဖေ့သားလေးက ဒယ်ဒီ့ကို လွမ်းနေလောက်ပြီပေါ့
မငိုနဲ့တော့နော် သား၊ကိုယ်ပူရှိန်တွေ ပြန်တက်လာမယ်၊သား ဆေးမထိုးချင်တော့ဘူး မလား""ဟင့်အင်း...ထိုးဘူး ဖေ"
"အင်းအင်း မထိုးရတော့ဘူးနော်၊ သား ဘွားပုလုပ်ပေးထားတဲ့ ကြက်စွပ်ပြုတ်ရှိတယ်၊သောက်မလား သား
ဖေဖေ နွှေးပေးမယ်လေ""ဟင့်အင်း ဟင့်အင်း...နွှေးနဲ့ ဖေချီထား"
လူပေါ်မှာ တောက်တဲ့လို တွယ်ကပ်နေတဲ့သားက နေမကောင်းဖြစ်တော့ အဖေကို ပိုကပ်နေပြီး တခြားလူ ဘယ်သူမှခေါ်မရဖြစ်နေတော့တာ
ရေခဲမုန့်တွေဆက်တိုက်စားတာရယ်၊ရေကူးကန်ထဲမှာ ဆော့ချင်တယ်ဆိုလို့ ဆော့ပေးရင်းကနေ တော်တော်နဲ့ ပြန်ခေါ်မရတာရယ်နဲ့ အဆုတ်အအေးမိပြီး ဖျားသွားတဲ့သားက ပထမရက်မှာ ဒေါက်တာနဲ့ ဆေးထိုးရသည်အထိ အပူချိန်တက်သွားသေးသည်။နောက်ပြီး လွမ်းဖျားဟုဆိုရမလားမသိ....ဖျားတော့ သူ့ဒယ်ဒီကိုပဲ တမေးထဲမေးနေတော့တာ ဖြစ်သည်။
သား ဖျားနေတာ သိသွားသူကလည်း ပြိုတော့မဲ့မိုးလို မျက်နှာနဲ့ဖြစ်ပြီး ချက်ချင်း ပြန်လာဖို့လုပ်နေလို့ အလုပ်မပြီးဘဲ ပြန်မလာရဘူးဟု တစ်ချက်လွတ်အမိန့် ထုတ်လိုက်ကာမှ မသက်မသာနဲ့ ငြိမ်သွားတာဖြစ်သည်။အခုအခြေအနေက သားလည်းမူကြိုမသွားရသလို၊ကျွန်တော်လည်း ကျောင်းမသွားရ
ဒီလိုတွေ ကျောင်းပျက်ရမယ်မှန်းသိရင် အစကတည်းက ခွင့်ယူပြီး ပြင်သစ်လိုက်သွားလိုက်ပါတယ်။အဲ့ဒါကမှ ဒီအခြေအနေကြီးထက် ပိုကောင်းလာဦးမည်လေ။
အခုတော့ သားကိုပွေ့ချီထားရင်သာ ဆိုဖာကိုမှီလျက် ငြိမ်နေရတော့သည်။
KAMU SEDANG MEMBACA
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomansaStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung