Extra4

6.1K 303 4
                                    

"​ဖေ....ဒယ်ဒီ အသား​တွေပူ"

"သား ဒယ်ဒီဖျား​​နေတယ် သားရဲ့၊မကိုင်နဲ့​နော်၊သားကို အဖျားကူးမယ်"

​​စောင်ကိုတင်းတင်းဆုပ်ကိုင်ပြီး အိပ်​ပျော်​နေတဲ့ ​မောင့်မျက်နှာဟာ အဖျားရှိန်​ကြောင့် အနည်းငယ်နီချင်​နေပြီး၊နှုတ်ခမ်း​တွေဟာလည်း ဖြူ​ဖျော့​နေသည်မှာ လန်းဆန်းတက်ကြွပါတယ်ဆိုသည့် ​​စော​နွေဦးရဲ့ဟန်ပန်​တွေ အကုန်​ပျောက်ကွယ်​နေသည်အထိ
ပဲခူးဖက်မှာ တာဝန်ယူထားရတဲ့ လမ်းပ​ရောဂျက်ကို လိုက်စစ်​ဆေးပြီး ဟိုမှာ မိုးမိလာခဲ့တာပါ
သူ့PAက ထီး​ဆောင်း​ပေး​ပေမယ့်လည်း အလုပ်ထဲ​​ဇောကပ်​နေသူက ထီး​အောက်မှာကို ရှိမ​နေဘဲ ပတ်သွား​နေခဲ့ပြန်သတဲ့
ထိုအစိုအတိုင်းပဲ တ​နေကုန်​နေပြန်​တော့ တုပ်​ကွေးရာသီချိန်မှာ အဖျားပိုးက မဝင်ဘဲ​နေမလား​​လေ။

​ဆေးထိုး​ဆေး​​သောက်ကို အင်မတန်​ကြောက်သည့် ​မောင်တစ်​ယောက်ဟာ ညကတည်းက ​​ဆေး​သောက်အိပ်ဆို​တော့လည်း အ​ကြောင်းအမျိုးမျိုးပြပြီး ငြင်းပြန်သည်
ညသန်း​ခေါင်မှာ​တော့ ညည်းသံ​တွေပါထွက်ပြီး ကိုယ်​တွေဟာလည်း ခြစ်ခြစ်​တောက် ပူလာ​ခဲ့တာဟာ အဖျားကြီးပြီး ​မေ့သွားမှာ​တောင် စိုးရိမ်ရတဲ့အထိ။​တစ်ချိန်လုံး ​ရေပတ်တိုက်​ပေးခါမှ အပူရှိန်က နည်းနည်းကျသွားခဲ့တာ။
မိသားစုဆရာဝန်က မနက်အ​စော​ရောက်လာ​ပေးပြီး ​ဆေးနှစ်လုံးထိုး​ပေးသွားမှ ​မောင်တစ်​ယောက် အိပ်နိုင်သွားရှာတာ။

မနက်​ရောက်တာနဲ့ အခန်းထဲဝင်လာတဲ့သားက​တော့ ​နေမ​ကောင်းဘူးဆိုတာသိတာနဲ့ သူ့ဒယ်ဒီ​အိပ်​နေတဲ့နားသွားပြီး မျက်နှာကိုလက်​သေး​​သေး​လေးနဲ့ ထိကြည့်ရင်း ပူတယ်​အော်​နေ​တော့တာပဲ။

"​ဖေ ဒယ်ဒီ​နေ​ကောင်းဘူး​ပေါ့၊ဘာဖြစ်လို့လဲ"

"ဒယ်ဒီက မ​နေ့က အလုပ်လုပ်ရင်း မိုး​ရေရွှဲသွားပြီး အ​အေးမိသွားတာ သားရဲ့
အဲ့ဒါ​ကြောင့် ​ဖေ​ဖေကသားကို မိုးရွာထဲမ​​ဆော့ခိုင်းတာ၊ဒီလိုဖျားမှာစိုးလို့ သိပြီလား"

သူ့ဖက်ကိုမြှားဦးလှည့်လာ​တော့ မကြားသလို၊ကြားသလိုနဲ့ အူလည်လည်လုပ်ပြတဲ့ အသင်္ချေ
မိုးရွာတိုင်း မိုး​ရေထဲထွက်​ဆော့ချင်တဲ့ က​လေး​တွေရဲ့ ဝါသနာကလည်း အ​​တော်​ခေါင်းကိုက်ရတဲ့ ပြသနာ​တွေထဲက တစ်ခုပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ