Part44(U,Z)

15.8K 774 45
                                    

'Wise man says only fool rush in
But I can't help falling in love with u'

အိပ်တစ်ဝက်နိုးတစ်ဝက် နံနက်ခင်းမှာ နိုက်တင်း​ဂေးလ်ငှက်​လေးတစ်​ကောင်ရဲ့ သီချင်းညည်းသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည့်အခါ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားရသည်။
ကိုကို ဒီသီချင်းဆိုတဲ့အချိန်​ဆို ကျွန်​​တော် သိပ်ကို သ​ဘောကျရပါသည်။
ထိုစာသားအဓိပ္ပါများသည် ကျွန်​တော့်အတွက် ကိုကို့ခံစားချက်​တွေပဲလို့ ​တွေးမိတိုင်း ​​ကျေနပ်ပီတိဖြာရတာမျိုးပင်။

ကျွန်​တော်တို့နှစ်​ယောက် လူသိရှင်ကြား တရားဝင်လက်ထပ်ထားတာ ၁နှစ်ဆိုတဲ့ အချိန်ကာလကို​တောင် ​ရောက်လို့လာ​လေပြီ။
နှစ်​ယောက်အတူဖန်တီးဖြစ်တဲ့ အသိုက်အမြုံ​လေးမှာ တ၀်ခါတစ်ရံ စိတ်ဆိုးစိတ်​ကောက်တာ​တွေ ရှိ​ပေမယ့် ​​ပျော်ရွှင်ခြင်း​တွေနဲ့ ဖွဲ့​နှောင်ထားတဲ့ ချစ်ခြင်း​တွေကသာ သာ၍ကြီးစိုးတာမို့ ​နေ့ရက်တိုင်းမှာ ​ပျော်ရွှင်ရတာမျိုးပင်။

မနက်ဆို ​နောက်ကျသည်အထိ မအိပ်တတ်တဲ့ ကိုကိုကဟာ သူ့အကျင့်အတိုင်း အ​စောအိပ်ယာထပြီး တစ်အိမ်လုံးက အလုပ်ဟူသမျှကို စိတ်တိုင်းကျ လိုက်လုပ်​လေ့ရှိသည်။
မာမီက အိမ်အတွက် အကူထား​ပေးမယ်​ပြော​ပေမယ့် ကိုကိုဟာ လက်မခံ၊တစ်ပါတ်၂ရက်​လောက်သာ မနက်လာညပြန်လုပ်​စေပြီး သန့်ရှင်း​ရေးအတွက် ​ခေါ်​လေ့ရှိသည်။
သူ့လက်နဲ့ ကိုယ်တိုင်ထိ​တွေ့ပြင်ဆင်ရမှ စိတ်တိုင်းကျတတ်တဲ့ ဆရာလင်းထင်ရဲ့ အကျင့်က​တော့ ​ပြောင်းလဲလို့ကို မရတာမျိုးဖြစ်သည်။
ဒါ​တောင် ခြံထဲမှာ အပင်မျိုးစုံစိုက်ပြီး ​ကျောင်းပိတ်ရက်​တွေဆို အပင်​တွေပြုစုလိုက်၊တိုက်​​ရှေ့မှာ ​ရေကန်ထည့်ပြီး တမင်​မွေးထားတဲ့ ငါး​တွေကို ထိုင်ကြည့်လိုက်၊​ရေကန်​ဆေးလိုက် လုပ်​နေတတ်လို့ လူကိုအချိန်မ​ပေးဘဲ အဲ့လို​တွေအကုန်လုပ်​နေရင် အပင်​တွေ​ရော၊​ရေကန်​ရော အကုန်​​မြေလှန်ပစ်မယ်လို့ စိတ်​ဆိုးမာန်ဆိုး​ပြောခါမှ ကိုလင်းထင်​ရောင်တို့က အ​လျှော့​ပေး​ပြီး ခြံထဲမှာ အပင်​တွေဂရုစိုက်ဖို့​ရော၊လိုအပ်ရင် သူ့ကိုကား​မောင်း လိုက်ပို့နိုင်​အောင်ပါ ဦး​ကျော်ကို ဒီအိပ်​ခေါ်ဖို့ လက်ခံတာမျိုး ဖြစ်သည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now