"မောင်...ငါ အဆောင်ကိုရောက်ပြီ၊ ဒီမှာ ငါ့အခန်း၊ဘေးက အခန်းဖော်ကတော့ မလာသေးဘူး"
Video callကနေတဆင့် မြင်ရတဲ့ ကိုကို့ရဲ့အခန်းက သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်တော့ အရှိပါပဲ။အခန်းရဲ့ နံရံတစ်ဖက်တစ်ချက်မှာ တစ်ယောက်အိပ်ကုတင် တစ်လုံးစီကပ်ထားပြီး အလယ်နံရံက မှန်ပြတင်းကနေ ကျောင်းပရဝုဏ်ထဲက မီးရောင်တွေနဲ့အတူ သစ်ရိပ်သစ်ပင်ကြီးတွေကို မြင်နေရတာဟာ စိတ်အေးချမ်းမှုကို ရစေသည်။
ကိုကိုဟာ ဒီလိုနေရာတွေအထိ ကိုယ့်အားကိုကိုးရင်း တက်လှမ်းနိုင်တဲ့ အရည်အချင်းရှိတာပဲလို့ တွေးမိပြန်တော့ ကျေနပ်ဂုဏ်ယူစိတ်တွေဟာ တဖွားဖွား။အထုပ်တွေတောင် နေရာတကျမဖြစ်သေးခင် ကျနော့်ကို အရင်ခေါ်ပြီး အသိပေးတဲ့ ဒီကိုကိုလေးဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်ပါသလဲလေ။"အင်း...အားလုံးအဆင်ပြေတယ်မလား အသက်၊
လေယာဥ်အကြာကြီးစီးထားရတော့ မောင့်အသက် ပင်ပန်းနေတော့မှာပဲ
လန်ဒန်ကနေ မန်ချက်စတာကို ဘယ်လိုဆက်သွားလဲ၊သေချာပေါက် ကားနဲ့မဟုတ်ဘူးမလား ဟင်""အဟွန်း...မောင်ကလဲ ရထားတွေဒီလောက်ပေါနေတာကို၊သက်သက်သာသာနဲ့ ၂နာရီကျော်လောက်စီးလိုက်ရင် ရောက်တာပဲလေ"
"အင်း...အဲ့လိုနော် မောင့်စကားကို နားထောင်တာ၊ပင်ပန်းမှာစိုးလို့ပေါ့ မောင့်အသက်ရဲ့
ပိုက်ဆံတွေသိပ်မချွေတာနဲ့နော် ကိုကို၊လိုတာရှိရင် အကုန်ဝယ်""အေးပါကွာ...မောင်က အကြီးလား၊ငါကအကြီးလား မသိတော့ဘူး"
"အဟွန်း....မသိဘူးဗျာ၊ဘာဖြစ်ဖြစ် စိတ်ပူတယ်၊စိတ်မချဘူး
လက်စွပ်လည်းမချွတ်နဲ့နော် ဝတ်ထား၊တော်ကြာ ပေါင်တံရှည်အဖြူမတွေက ဇွတ်လာချိတ်နေကြဦးမယ်"စူပုပ်ပုပ်နဲ့ပြောတဲ့ မောင့်ကြောင့် ရယ်မိရသည်။မသွားခင်ညကပဲ အပြင်ခဏထွက်သွားပြီး ပြန်လာတော့ ငွေရောင်လက်စွပ်နှစ်ကွင်းပါလာခဲ့တာ၊ဒီတိုင်းဆို အဖြူတွေရန်က စိတ်မချရဘူး၊ပိုင်ရှင်ရှိမှန်းသိအောင် ဒါဝတ်သွားရမယ်ဆိုပြီး မောင်ကိုယ်တိုင် ဝတ်ပေးလိုက်တာမို့ လက်စွပ်ဝတ်နေကျမဟုတ်ပေမယ့် ဝတ်ထားရတာ။အခုလည်း video callကနေတဆင့် လက်ကို ပြူးပြဲအောင် လိုက်ကြည့်သေးတာ
လက်စွပ်ကိုမြင်မှ ကျေနပ်အပြုံးကြီးနဲ့ ဖြစ်နေတဲ့ လူဆိုးလေးပါပဲ။
အင်္ဂလန်စံတော်ချိန်အရ မန်ချက်စတာမှာ ည၇နာရီခွဲဆိုပေမယ့် မြန်မာမှာတော့ မနက်၁နာရီဆိုတဲ့ အချိန်ကို ရောက်နေပါပြီ။အခုထိ မအိပ်သေးဘဲ ကျနော်ရောက်မှာကို ထိုင်စောင့်နေမယ့်သူကို တွေးမိတော့ ပစ္စည်းတွေတောင် နေရာမချအားဘဲ အရင်ဆုံး အကြောင်းကြားရသည်။မဟုတ်ရင် မောင်တစ်ယောက်ဟာ အိပ်မှာမဟုတ်တော့။ခုတောင် အိပ်ရသေးပုံမပေါ်တဲ့ မျက်လုံးတွေက အပြူးသား
ВЫ ЧИТАЕТЕ
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Любовные романыStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung