"မောင် ...ကားကို ဖြည်းဖြည်းမောင်းသွားနော်၊စိတ်လောပြီး အတင်းမသွားနဲ့
အကျိုးအကြောင်းလည်း ဖုန်းဆက်ပြောဦးနော်""ဟုတ် ကိုကို....အဲ့ဒါဆို မောင် သွားပြီ၊ကျောင်းကို taxiငှားသွားနော် ကိုကို၊busစောင့်မနေနဲ့နော်"
ခေါင်းညိတ်ပြသူကို လက်ပြနှုတ်ဆက်ရင်း ကောင်းဆက်တို့ ကွန်ဒိုရှိရာဆီ ကားကိုဦးတည်လိုက်သည်။
မနက်အစော ဖုန်းဝင်လာပြီး "ကိုကို့ဆီသွားချင်လို့ ငါ့ကိုလာခေါ်ပါ"ဆိုတဲ့ ကောင်းဆက်လျှံရဲ့ အသံက တစ်ခုခုကို ထိတ်လန့်နေတဲ့အသံမျိုးမို့ စိတ်ပူသွားရတာအမှန်။
ကိုကို့ကိုလည်း ကျောင်းလိုက်မပို့နိုင်တော့ဘဲ ကွန်ဒိုဆီသာ တစ်ခါတည်း ထွက်လာခဲ့ရတော့တာ။
ကောင်းတဲ့ကိစ္စတော့ ဘယ်လိုမှမဖြစ်နိုင်မှန်းသိတဲ့အခါ ကိုယ့်သူငယ်ချင်းအတွက် စိတ်ကပူရပြန်သည်။ဘာတွေဘယ်လို မုန်တိုင်းဝင်ပြန်ပြီးလဲလို့သာ စိတ်တိုတိုနဲ့ မေးခွန်းထုတ်နေမိတော့သည်။ကွန်ဒိုရှေ့ရောက်တော့ ခွေးပုစိနှစ်ကောင်ကိုပိုက်ပြီး အင်မတန်သောကပွေနေပုံပေါ်တဲ့ ကောင်းဆက်ကို တွေ့လိုက်ရသည်။
ဘာမှလည်း မေးမရ၊မျက်ရည်တွေပဲ ကျနေတာမို့ ကိုယ့်အခန်းရှိရာ ၈မိုင်ကိုပဲ ခေါ်လာရတော့သည်။
အခန်းထဲရောက်သည်အထိ ဘာမှမေးလို့မရဘဲ တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့ ဖုန်းနံပါတ်ကိုသာ အကြိမ်ကြိမ်ခေါိနေတာဟာ စိတ်မချမ်းမြှေ့ဖွယ်။"ကောင်း...တော်ပါတော့ကွာ၊ဒီလိုကြီးနဲ့ ငါတို့ပြသနာကို ဖြေရှင်းလို့မရဘူးလေ
မင်း...ညီသုတအိမ်ကို သွားချင်တာမလား၊ငါ သူ့အိမ်ကိုသိတယ်၊မင်းကိုလိုက်ပို့မယ်
ငါတို့ဟိုရောက်မှ တစ်ခုခုကို ကွဲကွဲပြားပြား သိရမှာကွ နော်"စိတ်သက်သာရာရလိုရငြား ပြောလိုက်တော့လည်း လူကိုကြည့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြပုံက အသိစိတ်တောင် မကပ်တော့တဲ့ပုံ။
ကိုယ့်သူငယ်ချင်းရဲ့ အရူးတစ်ပိုင်းပုံကို မြင်ရလေ၊မပြောမဆို ခွေးနှစ်ကောင်ပေးပြီး ထားသွားတဲ့ ဟိုခွေးကောင် ညီသုတကို ဆွဲထိုးချင်လေပဲ။
သို့သော် အိမ်လိုက်သွားရင်တောင် မရှိဖို့များနေတာမို့ အရင်ဆုံး တွေ့ပါစေပဲ ဆုတောင်းနေရတာမျိုး။
ВЫ ЧИТАЕТЕ
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Любовные романыStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung