'ကိုကို...ဟိုအိမ်မှာပဲလား၊၈နာရီထိုးတော့မယ်နော်
အဆောင်ရောက်ရင် ပြော၊ မောင် ဖုန်းဆက်မယ်'ခန့်မင်းကို စာရှင်းပြနေတုန်း ဝင်လာတဲ့msg
မကြည့်တောင် သိနေပြီ၊စနေ၊တနင်္ဂနွေတိုင်း ည၇:၄၅ နာရီဆို အချိန်မှန်ဝင်လာတာ
၈နာရီအတိမှာ ဘော်ဒါကိုပြန်ဖို့ သတိပေးတဲ့စာ
စောနွေဦးဟာ ကိုယ့်ရဲ့ဘဝဟောင်းမှာ အဖေတော်ခဲ့လေသလားမသိ။တစ်ချိန်လုံး နေရာတကာ လျှာရှည်ချင်နေတော့တာ။
ခန့်မင်းကို ဂိုက်လုပ်တဲ့နောက်မှာ နွေဦးရဲ့ ဆရာလုပ်ချင်စိတ်တွေက ပိုလို့ကို များပြားလာပါတယ်။ကျနော်နဲ့ ခန့်မင်း တော်တော်ရင်းနှီးနေပြီလားလို့ မေးတာလည်း ခဏခဏ
မေးပါများလို့ စိတ်တိုပြီဆိုရင်လည်း 'ကျနော်က ဒီတိုင်းကြုံလို့ မေးတာပါ ကိုကိုရယ်၊တကယ်ဆို ကိုကို့အတွက် မောင်နဲ့အဲ့ကောင်ဆိုတာ ယှဥ်စရာမလိုတဲ့ အနေအထားလေ၊ဟုတ်တယ်မဟုတ်လား'ဆိုပြီး ယုံကြည်မှုလွန်ကဲစွာ ပြောတတ်ပြန်သေးတယ်။"နွေဦးဆီကပဲလား ဆရာ"
"ဟင်...အင်း ဟုတ်တယ်"
Read the passageကို ဖြေနေရင်း မေးလာတဲ့ခန့်မင်းကို အသာခေါင်းညိတ်လို့ ဖြေတော့ ဘာကိုသဘောကျမှန်းမသိ ပြုံးနေရင်း
"နွေဦးက ဆရာ့ကိုတော့ အရမ်းခင်တာနော်၊ အရင်ကတည်းက သိခဲ့ကြတာလားဗျ"
"နွေဦးရဲ့မာမီနဲ့ သိတာပါ၊နွေဦးနဲ့က မနှစ်က ဂိုက်စလုပ်ပေးမှ သိကြတာ"
"သြော်....နှစ်ယောက်က အရမ်းရင်းနှီးကြတော့ သိတာကြာနေပြီတောင် ထင်တာ၊နွေဦးက ဆရာ့ကိုဆို သူကပြန်ပြီးတောင် ဆရာလုပ်နေသလိုပဲနော်"
"အင်း ထင်လို့ပါ၊ အဲ့လိုလည်းမဟုတ်ပါဘူး
ဆရာတို့က ဆရာတပည့်ထက် ညီအစ်ကိုလိုဖြစ်နေကြတော့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြလို့ပါ
စာသင်တဲ့အချိန်မှာတော့ နွေဦးက လိမ္မာပြီး၊ပြောစကားနားထောင်တဲ့ တပည့်တစ်ယောက်ပါ
ကဲ....ဒါဆို ကျန်တာလေးတွေ ဆက်ဖြေကြည့်ထားနော်၊မရှင်းတာရှိရင်လည်း မှတ်ထားနော်
နောက်အပါတ်စနေကျရင် ပြန်ရှင်းပြမယ် ဟုတ်ပလား"
![](https://img.wattpad.com/cover/300810189-288-k129731.jpg)
ВЫ ЧИТАЕТЕ
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Любовные романыStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung