Extra1

7.9K 359 6
                                    

A/N:Fundingအတွက်ရောင်းခဲ့တဲ့extra10ပိုင်းကို မဖတ်ရသေးသူတွေဖတ်ဖို့ ဖြည်း၂ချင်းပြန်တင်ပေးသွားပါမယ်နော်။ဖတ်ပြီးသားသူတွေလည်း အလွမ်းပြေပြန်ဖတ်ကြည့်ကြပါလို့။
●●●
"​ဘေ​ဘေး​ရေ...ကစားတာရပ်ပြီး ​ဖေ​ဖေ့ဆီလာ​တော့ကွာ၊ဒယ်ဒီ့ဆီကို သွားရဦးမယ်​လေ"

"နည်းနည်း​လေး ထပ်​ဆော့လို့ရ​​တော့ဘူးလား ​ဖေ"

ဒီလို​လေးမှ အထွန့်ပြန်မတက်လိုက်ရရင် ကိုအသင်္ချေတို့က စားဝင်အိပ်​ပျော်ဟန်မ​ပေါ်။
အပူမခံနိုင်၊​​ခေါင်း​​ချွေးထွက်လွယ်သူမို့ ​ချွေးချွဲ​နေတဲ့ ဆံနွယ်​ပျော့​တွေဟာလည်း ကပ်လို့။
ဧပရယ်ရဲ့ မနက်ခင်း​တွေဟာ သာယာသလိုရှိ​​ပေမယ့် သူရိန်​နေမင်းရဲ့ အပူစွမ်းအားကလည်း ပူသထက်ကိုပူလာ​နေ​တော့တာ။
ဒါကိုပဲ ဒီ​ကောင်​လေးဟာ ခြံထဲကမြက်ခင်းပြင်​ပေါ်မှာ ဂျုံရုပ်​တွေလုပ်ရင်း စိမ်​ပြေန​ပြေထိုင်​ဆော့​နေ​တာဟာ သူတစ်​ယောက်ထဲကွက်ပြီး ​မိုးအုံ့​ပေးထားတဲ့အတိုင်း။
ဒီ​နေ့က ရုံးဖွင့်ရက်​နောက်ဆုံးရက်ဖြစ်တာမို့ ကုမ္ပဏီမှာ ဝန်ထမ်း​တွေကို သင်္ကြန်လက်​ဆောင်​တွေ ​ပေးရင်း၊​ရေကစားပွဲလုပ်ဖို့ရှိပါတယ်။
နှစ်တိုင်းလုပ်ဖြစ်​ပေမယ့် ဒီနှစ်က အဆို​တော်​တွေပါ​ခေါ်ပြီး ပိုကြီးမားတဲ့ပွဲအဖြစ် လုပ်မှာမို့ ​မောင်က ကျွန်​တော်တို့နှစ်​ယောက်ကိုပါ ကုမ္ပဏီကို လာ​စေချင်သည်။
ဒါ​ကြောင့်ပဲ ဟိုကိုလိုက်သွားဖို့ ဆရာသမား​လေးကို ပြင်ဆင်​ပေးဖို့ ​ခေါ်​နေရတာပါ။
ကိုယ်​တော်​လေးက​တော့ သွားရမှာသိလျက်နဲ့ကို ကစားနေရာက မထချင်

"​စျေးမဆစ်​တော့နဲ့ ​ဘေဘီ...သားကစား​နေတာ ကြာပြီ​လေ
လာ....​ရေချိုးကြစို့"

ကစား​နေတဲ့နားထိသွားပြီး လက်ဆွဲလို့​ခေါ်​တော့ အထွန့်တက်ချင်တဲ့ မျက်နှာ​လေးက ရှုံ့မဲ့မဲ့
ဒါ​ပေမယ့် သူ့ဒယ်ဒီမရှိရင် သူ​ပြောသမျှမဖြစ်ဘူးဆိုတာသိတဲ့ ငလည်​လေးက အသာတကြည်လိုက်လာရှာတယ်

"​​​ချွေး​တွေလည်း ချွဲ​နေတာပဲကွာ၊​ဖေ့သား​လေး​​တော့ ​ချွေး​တွေနဲ့အ​အေးပတ်​ပြီး ဖျား​တော့မှာပဲ
​နောက်ရက်ကျ အိမ်ထဲတင်​ဆော့​နော် သား"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Место, где живут истории. Откройте их для себя