'ကိုကို ...ကိုကို ဆိုပြီးတော့ ဘယ်သူကိုချွဲရမှာလဲ
စောင်ခြုံမလုံနိုင်အောင် ချမ်းလွန်းတော့ ဘယ်ရင်ခွင်ကို တိုးလို့ဝင်မလဲ..'"ကောင်းဆက်လျှံ....ခွေးမသား အဲ့သီချင်းကို ခုပိတ်မှာလား မပိတ်ဘူးလား ငါ×ိုးခွေးကောင်"
စိတ်ရှိလက်ရှိအော်ဆဲမိတော့ ကြမ်းပြင်ပေါ်မှာ သူ့ခွေးနှစ်ကောင်နဲ့ ဖက်နေရင်းကနေ တဟားဟားအော်ရယ်တဲ့ကောင်
သူများအတွဲ မခေါ်နိုင်မပြောနိုင်ဖြစ်နေတာကို ဒီကျက်သတုံးကောင် တော်တော်အူမြူးနေတာ"သိပ်ချစ်မိလို့ သိပ်လွမ်းရတယ်...ထားခဲ့ရက်သူရေ"
"ကောင်းဆက်လျှံ!!"
"×ီးဖြစ်နေတာလား....ငါ့ဘာငါ ကိုကို့ကိုသတိရလို့ဆိုတာ...မင်းကိုဆိုတာမှမဟုတ်တာ"
"မင်းေ×ာက်ခွက်ကြီး ဖြီးနေတာကို အရင်ပြင်ပြီးမှ ကိုကို့ကိုသတိရလို့ဆိုတာကို ယုံအောင်ပြော"
"ဟာ့...တကယ်ပါဆို၊ မင်းက ထားခဲ့ခံရလို့လား မင်းကိုဆိုနေတယ်ထင်ရအောင်"
"ဟိတ်ကောင်....မင်းစကားတတ်တိုင်း ဝေ့ဝိုက်ရှောင်ကွင်းမနေနဲ့၊ မင်းလင်ကို သတိရရင် မင်းလား ဒီသီချင်းဖွင့်ပြီး ဒီလိုဆိုနိုင်မှာ
အိပ်ယာထဲဝင်ခွေပြီး ကြိတ်ငိုနေတာ ငါကမသိဘူးဆိုတော့""ဟဲဟဲ....အခုက moodပြောင်းအောင် သီချင်းပြောင်းပြီး ဖွင့်ကြည့်တာလေ"
"တော်စမ်း....ဟိတ်ကောင်၊ ဒါနဲ့ ကိုကိုက မင်းကို တကယ်ပဲ ငါ့အကြောင်းမမေးဘူးလား"
"ဟတောင်မဟဘူး"
ကောင်းဆက်လျှံရဲ့ ပစ်ပစ်နှစ်နှစ်တုံ့ပြန်သံကြောင့် မျက်နှာကိုရှုံ့မဲ့လျက် ကြမ်းပြင်ပေါ် ပက်လက်လှန်ချမိသည်။
ကိုကိုက ဒီတစ်ခါ အတည်ပေါက်ကြီးကို စိတ်ဆိုးနေတော့တာပဲ။ဒီကလည်း စပရိုက်လုပ်ချင်တာလေး ပျက်စီးသွားမှာစိုးလို့ အသည်းအသန်ပြန်မချော့ဘဲ ရေလိုက်ငါးလိုက်နေနေရသည်။ပြသနာတွေရဲ့အစက ဘန်ကောက်မှာတွေ့ခဲ့တဲ့ အလင်းတန်းကုမ္ပဏီက ဂရေ့စ်ဆိုသူအမျိုးသမီးနဲ့ ပွဲတစ်ခုမှာ ခုံချင်းကပ်လျက် နေရာချပေးခံရာက စသည်။
မီဒီယာများရဲ့ဖွပုံကလည်း အင်ပါယာအုပ်စုနှင့် အလင်းတန်းအုပ်စုတို့ မိသားစုချင်း ပူးပေါင်းကြတော့မည်လားဆိုတဲ့ ခေါင်းစဉ်များတပ်ပြီးပင် သူတို့ရဲ့ထင်မြင်ချက်များကို ရေးသားကြတော့သည်။
သုံးထားသည့်ဓါတ်ပုံများမှာလည်း ထိုအမျိုးသမီးက လူနားကပ်လျက် စကားပြောနေပြီး ဘာပြောမှန်းနားမလည်လို့ ကိုယ်က နားစိုက်ပြီးထောင်နေပုံကို တမင်တကာရိုက်ပြီးကို တင်ကြတာပင်။
![](https://img.wattpad.com/cover/300810189-288-k129731.jpg)
YOU ARE READING
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
RomanceStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung