မီးပုံပျံစီးပြီး ဟိုတယ်ကို ပြန်ရောက်တော့ မနက်၈နာရီခွဲကျော် ရှိနေပြီ။
"နွေဦး...ရှုခင်းပုံတွေရိုက်လာခဲ့သေးတယ်မလား၊ကြည့်ရအောင်၊အစ်ကိုက ဖုန်းနဲ့ရိုက်တာဆိုတော့ သိပ်ပြီး ပုံထွက်မလှဘူးကွာ"
အခန်းထဲရောက်ရောက်ချင်း ကြိမ်ခုံမှာထိုင်ပြီး ရိုက်ခဲ့သမျှပုံတွေကို ပြန်ကြည့်နေရင်းကနေ ဘေးမှာထိုင်နေတဲ့ ကျနော့်ကို ပြောလာတာမို့ ခေါင်းညိမ့်ပြရင်း ကင်မရာကိုပေးလိုက်တော့ တစ်ပုံပြီးတစ်ပုံ ကြည့်နေလေတယ်။
ပုံတွေကို ကြည့်နေရင်းကနေ မျက်မှောင်တွေကြုံ့လိုက်၊နှာခေါင်းတွေ ရှုံ့လိုက်ဖြစ်နေတဲ့ ကိုကို့ကိုကြည့်ရင်း ရယ်ချင်လာမိတယ်။"နွေဦး...ရှုခင်းပုံတွေ ရိုက်ခဲ့တယ်ဆို"
"အင်းလေ ကိုကိုရဲ့...ပါတယ်လေ အဲ့မှာ ရှုခင်းတွေ"
"ဟင်...ငါမြင်တာတော့ ငါ့ပုံတွေချည်းပဲ၊ရှုခင်းသီးသန့်ပုံမတွေ့ဘူး"
"သြော် ရှုခင်းနဲ့ကိုကိုနဲ့ တွဲလျက်လေးက ပိုလှလို့ အဲ့လိုပဲရိုက်လိုက်တာလေ"
မောင်ကျဘမ်းနဲ့လှတောသားရောထားတဲ့ စောနွေဦးကို ဘာပြန်ပြောနိုင်မှာလဲ
ရိုက်ပေးထားတဲ့ ပုံတွေကိုသာ ကြည့်နေမိတော့တယ်။
ဓါတ်ပုံတွေဟာ စကားပြောတယ်ဆိုတာ အမှန်ထင်ပါတယ်။ရှုခင်းတွေကို ငေးရင်း ပေါ့ပါးတက်ကြွပြီး ပျော်ရွှင်နေတဲ့ ကျနော့်ရဲ့ဟန်ပန်ဟာ ဓါတ်ပုံတွေထဲမှာ အထင်းသားပေါ်နေလေတယ်။
ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးရင်း၊ကိုယ်တိုင်ဖန်တီးထားတဲ့ ပုံစံခွက်လိုဘဝထဲမှာ အဆင်ပြေအောင် နေခဲ့သူမို့ ဒီလို လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နေတဲ့အချိန်မျိုးဟာ သိပ်ကိုရှားပါးခဲ့ပါတယ်။
နေထွက်ချိနိကိုငေးရင်း စိတ်အေးချမ်းနေခဲ့တဲ့ ကျနော့်ပုံရိပ်ကိုလည်း ဓါတ်ပုံကနေတဆင့် တွေ့ရပြန်တယ်။"ကျေးဇူးပဲ နွေဦး....အမှတ်တရပုံတွေရိုက်ထားပေးလို့ရော၊အတွေ့အကြုံအသစ်တွေ ဖန်တီးပေးလို့ရော
ဆုချတာက ငါလား၊မင်းလားတောင် မသဲကွဲတော့ပါဘူးကွာ"
BẠN ĐANG ĐỌC
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Lãng mạnStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung