Extra10(Final)

10.2K 410 20
                                    

တဝုန်းဝုန်းရိုက်ခတ်​နေ​သော ငပလီကမ်း​ခြေ၏ လှိုင်းလုံးများကြားတွင် ​ရေသူထီးမိသားစုပမာ ကျွမ်းကျင်စွာ ​ဆော့ကစား​နေကြသည့် မိသားစုတစ်စုရှိသည်။
အပန်း​ဖြေရန်ရည်ရွယ်ချက်ဖြင့် ကမ်း​ခြေသို့အလည်လာကြသူများမှာ ယခုအခါတွင်​တော့ ၎င်းတို့၏ရည်ရွယ်ချက်ကို ​ထိုမိသားစုကို ​ငေးရန်အဖြစ် ​ပြောင်းလဲလိုက်ကြဟန်တူသည်။
အများသူငါ ​​ငေး​မောမည်ဆိုလည်း ​ငေး​မောချင်စရာပါပဲ
အ​ပေါ်ပိုင်းဗလာနဲ့ အမျိုးသားနှစ်​ယောက်မှာ တစ်​ယောက်သည် ​ပြေပြစ်​သောအချိုးအစားနဲ့ နုနုငယ်ငယ်နတ်သား​​လေးလို ဖြစ်​နေပြီး တစ်​ယောက်မှာလည်း ​ကျစ်လျစ်​သော ကိုယ်​နေဟန်ထားနှင့်အတူ ​လည်ပြန်​ငေးချင်စရာ လက်ပြင်ကျယ်နှင့်​ပေါင်မုန့်​ခြောက်ပြားပါ အဆစ်ပါ​နေ​သေးသည်။
ထိုအမျိုးသားနှစ်ဦးရဲ့ ဂရုစိုက်မှုအဖြာဖြာကို အပိုင်စားရရှိထားသည့် ​ကောင်​လေးက​တော့ ​ဘောကွင်းကြီးနဲ့အတူ ရယ်သံလွင်လွင်​လေး​တွေ ထွက်သည်အထိ ​ရယ်​နေတတ်တာကို လှိုင်းသံ​တွေကြားက​နေ တစ်ချက်တစ်ချက် ကြားတတ်ကြရ​သေးသည်။

"​​သား အခန်းပြန်ကြရ​​အောင်​လေ၊ ​မောင်လည်း ​တော်​တော့၊ည​နေ၅နာရီ​တောင် ထိုး​တော့မယ်
ပြန်ကြရ​အောင်"

"​ဖေ့ ၅မိနစ်​လောက် ​နေဦးမယ်​လေ၊​ရေထဲမှာ​​ပျော်တယ်"

"​​​မောင့်ကိုလည်း ၅မိနစ်​လောက် ဆက်​​နေခွင့်​ပေး"

အကြံတူသားအဖနှစ်​ယောက်က အခုလည်း လက်ဖဝါး​လေး​တွေ ကိုယ်စီ​ထောင်ပြီး အချိန်ပို​တောင်းလာပြန်​သေးသည်။
လူ​တွေကြည့်​တော့ ပင်လယ်​ရေဒဏ်၊​လေကြမ်းဒဏ်​​တွေနဲ့ ပြာနှမ်းချင်​နေပြီး သားရဲ့လက်​​ချောင်း​လေး​တွေဆို ​ရေကြာကြာစိမ်ထားတဲ့ ပဲကြီး​စေ့​တွေလိုပင် ဖြစ်ချင်​နေပါပြီ
သို့​သော် ​စျေးဆစ်တတ်တဲ့ သားအဖနှစ်​ယောက်ကို ထပ်ခါထပ်ခါ မ​ပြောချင်​တော့တာမို့

"အို​ခေ...အဲ့ဒါဆို ​မောင်တို့သားအဖ ခဏဆက်​ဆော့​နေကြ၊ငါ ကမ်းစပ်ကပဲ ​စောင့်မယ်
​ရေထဲထပ်မ​နေချင်​​တော့ဘူး
မြန်မြန်တက်လာကြ​နော် နှစ်​ယောက်သား၊ထပ်မ​ခေါ်ရ​စေ​တော့နဲ့"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ