"အီး...ဒယ်ဒီက ဘေဘေးကို ဘာလို့မစောင့်တာလဲ၊အီး ဒယ်ဒီလူဆိုး၊ ဒယ်ဒီ့ကိုခေါ်တော့ဘူး"
ပါကေးခင်းပေါ်မှာ လူးလှိမ့်ရင်း ဝမ်းနည်းပက်လက်နဲ့ ငိုနေတဲ့ ဘေဘေးတစ်ယောက်ဟာ အထူလည်းမခံ၊အချီလည်းမခံနဲ့ ဆိုးချင်တိုင်းဆိုး၊ငိုချင်တိုင်းငိုနေတော့သည်။
ချော့ရခက်တဲ့သားကိုကြည့်ရင်း ကလေးကို လျှောက်ပြော၊အိပ်မက်တွေပေးသွားတဲ့ စောနွေဦးကိုသာ နားရွက်ကို ခပ်နာနာဆွဲလိမ်ချင်တော့သည်။ရုံးသင်္ကြန်မှာ ရေတွေနဲ့ဆော့ကြတာကို ပျော်သွားတဲ့သားက သူသိချင်တဲ့ သင်္ကြန်အကြောင်းမေးလာခဲ့တော့ ကျွန်တော်က သင်္ကြန်နဲ့ပတ်သက်တဲ့ အကြောင်းတွေ ရှင်းပြမိသည်။
ဒါကို ဘေးကနေ ငြိမ်ငြိမ်မနေဘဲ သင်္ကြန်ဆို မဏ္ဍပ်တွေနဲ့၊မီးသတ်ပိုက်တွေနဲ့ တနေကုန်ရေဆော့တာတွေ၊ဒယ်ဒီတို့မှာလည်း မဏ္ဍပ်ရှိတယ်၊ဘာညာနဲ့ စူးစမ်းချင်တဲ့ကလေးကို လျှောက်ပြောတော့သည်။အရင်နှစ်တွေက နားမလည်သေးတဲ့အရွယ်မို့ ဘာမှမသိတဲ့သားက ဒီနှစ်မှာတော့ သူ့ဒယ်ဒီပြောတာနဲ့ မျက်လုံးတွေအရောင်တောက်လာပြီး သူလည်း လိုက်ချင်သည်၊ဘာညာဖြစ်တော့သည်။
ထိုကိစ္စက ထိုနေရာတင်မပြီး၊နောက်ရက်တွေထိ သားက သင်္ကြန်အကြောင်းကို တတွတ်တွတ်ပြောသည်။ဒီလိုနဲ့ သားအဖတတွေ စကားစပ်မိကြရင်း အကြိုနေ့မှာ မဏ္ဍပ်ဖွင့်ပွဲရှိတဲ့အကြောင်းနဲ့ အဲ့နေဆို အဆို၊အကတွေနဲ့ ဖဲကြိုးဖြတ်ဖွင့်ပွဲလုပ်တာတွေ၊ဒယ်ဒီက မနက်အစောသွားပြီး ဖဲကြိုးဖြတ်ပေးရတာတွေပါ ပါလာပြီး ကိုတက်ကြွပေါက်စဟာလည်း သူပါလိုက်ချင်တယ် ဖြစ်သည်။သားပြောသမျှ ခေါင်းညိတ်သူကလည်း လွယ်လွယ်ကူကူပဲ ခေါင်းညိတ်ပြီး ကတိပေးသည်။ဒီနေ့အကြိုနေ့မနက်မှာတော့ ရုပ်သံတွေနဲ့ အင်တာဗျူးအစီအစဉ်တွေရော၊ဖွင့်ပွဲအစီအစဉ်တွေရောနဲ့ ထုံးစံအတိုင်း မနက်၇နာရီကတည်းက အင်းယားလမ်းကို မောင်က ထွက်သွားလေသည်။
၈နာရီမှာနိုးလာပြီး အခန်းထဲဝင်လာသူက သူ့ဒယ်ဒီ သွားပြီဆိုတာလည်းသိရော အထက်ပါအတိုင်း ကြူးကြူးပါအောင် ငိုတော့တာပင်။
တော်ရုံမငို၊ငိုရင်လည်း ချော့ရခက်တဲ့သားဟာ အထိမခံ၊အကိုင်မခံနဲ့ စကားတွေပြောရင်း ငိုနေတာဟာ အတောမသတ်တော့။
ပြောပြောပြီးငိုနေတဲ့သားကိုကြည့်ပြီး ရယ်လည်းရယ်ချင်၊တစ်ကိုယ်လုံး နီရဲနေပြီမို့ သနားလည်းသနားနဲ့ ဒုက္ခများရတာက ကျွန်တော်ပင်ဖြစ်သည်။
BẠN ĐANG ĐỌC
နွေဦးလေပြည် ချစ်သက်သေတည်(နွေဦးလေပြည် ချစ်သက်သေတည်)(Completed)
Lãng mạnStart Date:March 20,2022 End Date :September20,2022 A beautiful love story between two boys,called Saw Nway Oo and Linn Htin Yaung