Part26(U,Z)

17K 1K 40
                                    

"ကိုကို ဘယ်ကပြန်လာတာလဲ အဲ့ဒါက"

"ဟင်...​ကျောင်းကိုခဏသွားတာ​​လေ၊ကြီးပုကို​တောင် မှာခဲ့​သေးတယ်..မင်းကို မ​ပြောဘူးလား"

"​စာစစ်ရက်​တွေလည်း မဟုတ်ဘဲ ကျောင်းကိုသွားရတဲ့ အ​ကြောင်းအရင်းကို ကျွန်​တော် ​​သိချင်တယ် ကိုကို"

​ခပ်ဆတ်ဆတ်​လေသံနဲ့အသုံးအနှုန်း​ကြောင့် အနည်းငယ်​ နောက်​ကျောမလုံ ဖြစ်သွားရ​​ပေမယ့် ဟန်ကိုယ့်ဖိုအ​နေအထားဖြင့်သာ​နေရင်း

"​ဆရာမကြီးနဲ့ ​တွေ့စရာကိစ္စရှိလို့ပါဆို...​မောင်က ဘာဖြစ်​နေတာလဲ၊ အပြင်ကပြန်လာတဲ့လူကို အ​မောဆို့​အောင် ဘာလို့ ရန်လုပ်​နေတာလဲ"

​​မေး​နေတာကို မ​ဖြေဘဲ လူကို​​ချော့​​မော့ပြီး ​ဝေ့ကာဝိုက်ကာလုပ်​နေတဲ့ ဆရာလင်းထင်​ရောင်ကို စိတ်လည်းတိုရ၊အသည်းလည်းယားရနဲ့မို့ ​စော​နွေဦး ရူးချင်ချင်ပင် ဖြစ်​နေ​လေပြီ။
ဒီဆရာ​လေးက အ​တော်ကိုဆိုး​နေပါပြီ
လူကို နိုင်စားရင်းဆိုးလိုက်၊ချွဲရင်းဆိုးလိုက်၊​ငေါက်ငမ်းရင်းဆိုးလိုက်နှင့် ခုနှစ်​​ထွေမင်းသား ဖြစ်လို့​နေတာ နှစ်ဦးသ​ဘောတူ ချစ်ကြိုက်ကြကတည်းပင်ဖြစ်သည်။

​ဆေးရုံမှာ တစ်ပါတ်​နေပြီး​နောက် သုဝဏ္ဏအိမ်ကိုသာ ပြန်လာ​နေဖြစ်ကြတာက ဝှီးချဲနှင့်အ​ခြေအ​နေပဲရှိ​နေ​သေးတာမို့ ​နေ​ရထိုင်ရအဆင်​ပြေ​အောင်ဖြစ်သည်။
ကျ​နော့်အနားမှာပြုစုဖို့တာဝန်ကို တခြားသူကိုမ​ပေး၊ကိုယ်တိုင်တာဝန်ယူထားတဲ့ ကိုကိုက လကုန်ရင် ​ဒေါက်တာဘွဲ့အတွက် ပညာ​တော်သင်သွားရမည့်သူ။
သို့​သော် ဆရာလင်းထင်​ရောင်တစ်​ယောက် ထိုမဟာအခွင့်အ​ရေးကို လက်လွှတ်ဖို့ကြံရွယ်​နေသည်ကို စကား​ပြောရင်း အမှတ်တမဲ့ သိလိုက်ရတဲ့​နောက် ကိုယ်ကပဲပြန်ပြီး လက်မလွှတ်ဖို့ တိုက်တွန်း​နေရသည်။
ပညာ​တော်သင်သွားဖို့၊ရက်၃၀ပြည့်လို့ ခွဲစိတ်ပြီး လမ်းပြန်​လျှောက်လို့ရရင် လန်ဒန်ကို လိုက်လာခဲ့မှာဖြစ်​ကြောင်း​တွေ တဖွဖွ​ပြော​နေ​ပေမယ့်  ပြန်မ​ပြောနားမ​ထောင်ကို​ရေခဲတုံး​လေးက ဟိုလိုလိုဒီလိုလိုလုပ်​နေခဲ့တာ။​
နေ့လည်ပိုင်း ​ဆေး​သောက်ပြီး လူကပြန်အိပ်​ပျော်သွားပြီး နိုးလာ​တော့ ကိုကိုမရှိ​တော့။ဖုန်းဆက်လို့လည်းမရဘဲ ကိစ္စရှိလို့ ​ကျောင်းကို ခဏသွားတယ်ဆိုတဲ့ msgသာပြန်လာပြီး ကြီးပုကိုလည်း ထိုအတိုင်းပဲ မှာခဲ့သည်​ဟုသိရသည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Место, где живут истории. Откройте их для себя